ဦးစိန်မြင့်ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၌ အဖ ဦးအောင်ထွန်း၊ အမိ ဒေါ်ကြင်စိန်တို့မှ ဖွားမြင်ခဲ့သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ အခြေခံပညာ အထက်တန်း ကျောင်း အမှတ် (၁) နှင့် (၂) ၊ တောင်ကြီး ကောလိပ်၊ မန္တလေးတက္ကသိုလ်ရန်ကုန်တက္ကသိုလ် တို့တွင် ပညာသင်ယူခဲ့သည်။ သမိုင်းဘာသာရပ်ဖြင့် ၁၉၈၂ တွင် မဟာဝိဇ္ဇာဘွဲ့ကို ဂုဏ်ထူးဖြင့် မန္တလေးတက္ကသိုလ်မှ ရရှိခဲ့သည်။ တင်သွင်းခဲ့သော ကျမ်းအမည်မှာ မြန်မာစာပေသမိုင်း (ဗဒုံမင်း လက်ထက် မြန်မာစာပေသမိုင်း ၁၈၇၁ - ၁၈၁၉) ဖြစ်သည်။

၁၉၉၆ တွင် အိန္ဒိယနိုင်ငံ ပွန်ဒီချယ်ရီမြို့တွင် ဖွင့်လှစ်ထားသော အရှေ့တိုင်း ပညာလေ့လာရေး ပြင်သစ်ကျောင်း (E.F.E.O) မှ ပို့ချသည့် ရှေးဟောင်း အဆောက်အအုံထိန်းသိမ်းနည်း နှင့် မှတ်တမ်းတင် နည်းသင်တန်း (Architectyal Syrvey and Drawing Inventory and Condervation of Histric Monuments) သို့ တက်ရောက်ခဲ့သည်။

၁၉၉၇ တွင် ရန်ကုန်တက္ကသိုလ်မှ ရှေးဟောင်း သုတေသနပညာ ဒီပလိုမာကို ရရှိခဲ့သည်။ ထို့ ပြင် ၁၉၉၉ တွင် ဂျပန်နိုင်ငံ နာရာမြို့တွင် ဖွင့်လှစ်ထားသော Nara National Caltural Properties Research Institute မှ ပို့ချသော ရှေးဟောင်းသုတေသနပညာ ဘာသာရပ်၏ အပိုင်းတစ်ခုဖြစ်သည့် တူးဖော်ရေး နည်းစနစ်ပညာသင်တန်းကို တက်ရောက်သင်ယူခဲ့သည်။ ယခုအခါ တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၌ လက်ထောက်ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းရွက်လျက် မြန်မာ့အကြိုသမိုင်း (Prehistory) နှင့် အစသမိုင်း (Proto history) တို့ကို အထူးပြုလေ့လာလျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်