စိန်မွတ္တား (၇၀ နှစ်) သည် မြန်မာနိုင်ငံမှ ဆိုင်းပညာရှင် ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

စိန်မွတ္တားကို ဖခင် ဦးဘသောင်း နှင့် မိခင် ဒေါ်သောင်းကြည်တို့မှ ၁၃၁၄ ခုနှစ် ဝါခေါင်လဆန်း ၂ ရက် (၁၉၅၂ ဇူလိုင်လ ၂၃ ရက် ဗုဒ္ဓဟူး) နေ့ က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင် (၈) ယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ [၁]

ပညာရေး ပြင်ဆင်ရန်

အသက် (၁၄) နှစ်တွင် မြန်မာ့ဆိုင်းပညာကို စတင် သင်ယူခဲ့သည်။ လက်ဦးဆရာများမှာ ပန်တျာဆရာတိုင်းချစ်စိန်၊ ဦးစိန်မောင်လွင်၊ စိန်ဗိုလ်တင့် စသူတို့ဖြစ်သည်။

အနုပညာဘဝ ပြင်ဆင်ရန်

သာသနာရေးဝန်ကြီးဌာန နှင့် အဆို အက အရေး အတီး ကော်မတီ တို့ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ် ဖိတ်ခေါ် ဓမ္မတေးပြိုင်ပွဲတွင် ပညာရှင်အဆင့် အတီး ရွှေတံဆိပ်၊ အရေး ရွှေတံဆိပ်တို့ ရရှိချိန်တွင် စတင် လူသိများလာခဲ့သည်။ နောက်ပိုင်းတွင် ပြိုင်ပွဲစုံမှ ဆုတံဆိပ်များစွာရရှိခဲ့ပြီး နိုင်ငံကျော် ဆိုင်းဆရာတဦးဖြစ်လာခဲ့သည်။ ၂၀၀၄ ခုနှစ်က ပန်းဒဏ္ဍာရီဇာတ်ကားဖြင့် ရုပ်ရှင်တေးဂီတဆု၂၀၀၇ ခုနှစ်ဝယ် ကိုးဆယ်ဆသာလိမ့်မည်ဇာတ်ကားဖြင့် ရုပ်ရှင်တေးဂီတဆု တို့ကို ရရှိခဲ့သဖြင့်လည်း နိုင်ငံကျော် ဆိုင်းပညာရှင်ကြီး ထပ်ဆင့်အကယ်ဒမီ ဂီတစာဆို စိန်မွတ္တားဟု ထင်ရှားသည်။

အမျိုးသား ယာဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) က ဂုဏ်ထူးဆောင် ဝိဇ္ဇာ ဘွဲ့ ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ အဆိုပါ တက္ကသိုလ်တွင် ဂုဏ်ထူးဆောင် ဧည့်သည်တော် ပါမောက္ခအဖြစ် မကွယ်လွန်မီအထိ တာဝန်ထမ်းဆောင်ခဲ့သည်။

နိဂုံး ပြင်ဆင်ရန်

၂၀၂၁ ဇူလိုင် ၂၄၊ ဝါဆိုလပြည့်ကျော် ၁ ရက် စနေ နံနက် ၈ နာရီတွင် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံတွင် ဆေးကုသမှု ခံယူရင်း အသက် ၇၀ အရွယ်၌ ကွယ်လွန်သည်။[၂][၃]

ကိုးကား ပြင်ဆင်ရန်