ကထိက ဦးစိန်လွင်လေး၊ ဝိဇ္ဇာ (ဂုဏ်ထူး)၊ ဒီဂျေ

ကထိက ဦးစိန်လွင်လေး၊ ဝိဇ္ဇာ (ဂုဏ်ထူး)၊ ဒီဂျေ ပြင်ဆင်ရန်

▪ ၁၉၂၉ နိုဝင်ဘာ ၁၁ ရက်နေ့တွင် အဖ ရွှေကုန်သည် ဦးမောင်လေး၊ အမိ ဒေါ်အေးချို တို့က ပျဉ်းမနားမြို့၌ မွေးဖွားခဲ။


▪ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်းမှ ၁၉၄၇-၄၈ ခုတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့။ ၁၉၅၄ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ (ဂုဏ်ထူး) မြန်မာစာဘွဲ့ကို ရရှိခဲ့။ ၎င်းခုနှစ်တွင်ပင် လူထု ပညာရေး ကောင်စီတွင် ပြန်ကြားရေး အရာရှိ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရ။ ရန်ကုန်မြို့ သက်ကြီးတက္ကသိုလ်၊ လုပ်သားများ ကောလိပ် တို့တွင် အချိန်ပိုင်း ကထိက အဖြစ် မြန်မာစာပေ ပို့ချခဲ့။


▪ ၁၉၅၇ ခုနှစ်တွင် စာပေဗိမာန် ပြန်ကြားရေး အရာရှိ အဖြစ် ရာထူးတိုးမြှင့် ခန့်ထားခြင်း ခံခဲ့ရ။


▪ ၁၉၆၃ တွင် ကာကွယ်ရေး ဝန်ကြီးဌာန၌ အရပ်သား အရာရှိ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီး အဆင့်အဖြစ် ခန့်ထားခြင်း ခံခဲ့ရ။


▪ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် နည်းပြအရာရှိ (ဗိုလ်မှူး) အဖြစ် ၂၇ နှစ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့။


▪ အငြိမ်းစား ယူပြီးနောက် မင်္ဂလာဘိသေက ပညာရှင် အဖြစ် ဆောင်ရွက်လျက် ရှိစဉ် ၂၀၀၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ အသက် (၇၆) နှစ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ရန်အောင်စာပေ - ၂ မှ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ ကထိက ဦးစိန်လွင်လေး ဝိဇ္ဇာ (ဂုဏ်ထူး)၊ ဒီဂျေ ပြုစုရေးသားတဲ့ 'မင်းတရားရွှေထီးနှင့် ဘုရင့်နောင် (ကေတုမတီ တောင်ငူရာဇဝင် အစ အဆုံး)' စာအုပ်မှ