စိမ်းလဲ့လဲ့ညိုပြာ
ဘောင်သိမ်းကြိုး
ရေးသူ
ပြင်ဆင်ရန်မြဝတီမင်းကြီး
စိမ်းလဲ့လဲ့ညိုပြာ
ပြင်ဆင်ရန်စိမ်းလဲ့လဲ့ညိုပြာ။ ဇေယျာအောင်ခန်း။ ဘောင်တော်ဆိုက်ခါ မြန်းပါလို့။ ရွှေပြည်သူစုံပေါင်း ရှိပန်း။ ။
နန်းနှင့်ယာဉ်ဧရာ။ ပြည့်မျှရံဗိုလ်ပါ။ ကြွေးရင့်ဆော်သံဝွ။ နှဲနှင့်စည် တံမြွာ။ ဆေးလေးညီညာ။ သင်္ခါငါးမည်။ ညှင်းညှင်း တံရှည်ကျူး။ ဘယ်ရာဝင်ရှေးမှာမှ။ တူဟန်လေစံရေး ကြားဘူး။ ။
ထူးချွန်အောင်။ ကဲလွန်အောင်။ ဝေမှောင်ကင်းလို့လေ။ ။
မှန်သိင်္ဂီ။ ရံရွေညီ။ ဒေဝီမင်းနှင့်။ ဆင်း သူ ဇာလေလေတည့် ။ ဆင်းသူဇာ။
- တံမြွာ ဟူသည်။ ပတ်သာ- ဒုံမင်း- ခွက်ခွင်း- ပုလွေ- တံရှည်- တံမြွာ ဟူသော။ တူရိယာငါးပါး အပါအဝင်။ နှစ်လုံးပြူး ပုလွေတမျိုးဖြစ်သည်။
ကျေးဇူးတင်ပါသည်
ပြင်ဆင်ရန်ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/