စိုင်းဝင်းမြင့်
စိုင်းဝင်းမြင့် သည် မြန်မာနိုင်ငံသား ကဗျာဆရာတစ်ဦး ဖြစ်သည်။ စိုင်းဝင်းမြင့်ကို ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့၌ အဖ ဦးသောင်းမြင့်၊ အမိ ဒေါ်ခင်စန်းတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ၁၉၈၂ ခုနှစ်၊ အမက (၄) အလုံတွင် မူလတန်း ပညာကိုလည်းကောင်း၊ အထက (၂) အလုံတွင် အလယ်တန်းနှင့် အထက်တန်း ပညာကိုလည်းကောင်း၊ သင်ကြားခဲ့သည်။
စိုင်းဝင်းမြင့် | |
---|---|
မွေးဖွား | ၁၉၇၈ (အသက် ၄၅–၄၆) ရန်ကုန်မြို့ |
အလုပ်အကိုင် | ကဗျာဆရာ |
အိမ်ထောင်ဖက် | ဇင်မာမြင့် |
မိဘ | ဦးသောင်းမြင့်၊ ဒေါ်ခင်စန်း |
၁၉၉၆ ခုနှစ်ထုတ် ရွက်နုဝေ မဂ္ဂဇင်းတွင် 'သူစိမ်း' ကဗျာဖြင့် စာပေလောကသို့ ရောက်ရှိလာပြီး၊ ကဗျာများ ဆက်လက်ရေးသားနေဆဲ ဖြစ်သည်။
ဇနီး မဇင်မာမြင့်နှင့် သမီး (၂) ယောက်တို့နှင့် နေထိုင်ရင်း စာအုပ်ထုတ်၊ ကဗျာရေးသားဆဲ ဖြစ်သည်။[၁]
ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း
ပြင်ဆင်ရန်စဉ် | စာအုပ်အမည် |
---|---|
၁ | သူစိမ်း |
၂ | တစ်ယောက်တည်းစကား |
၃ | နားနားပြီးပြော |
၄ | တိုက်ခိုက်နေတဲ့လေထဲ |
၅ | ခေတ်ပေါ်ကဗျာအဖွင့် |
၆ | ကြယ်ကမ္ဘာရောင်းဝယ်ရေး |
၇ | များများမြန်မြန် |
၈ | ကဗျာပေါင်းချုပ် |
၉ | ဘယ်သူပြောပြော ကိုယ်ပြောတယ် |
၁၀ | ပျော်ရွှင်ဖွယ်ရာ ကမ္ဘာ |
၁၁ | ကမ္ဘာမြေသို့ ပန်းပို့သူများ |
ကိုးကား
ပြင်ဆင်ရန်- ↑ ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် (၉)၊ စက်တင်ဘာ ၂၀၀၉ ထုတ်မှ