စိုးမြတ်မင်း (ဘောလုံးသမား)
စိုးမြတ်မင်း(၁၉ မေလ ၁၉၈၂ ခုနှစ်ဖွား)သည် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း တစ်ဦးဖြစ်သည်။ သူသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကမ္ဘောဇ ဘောလုံးအသင်းတို့အတွက်ကစားခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ မြန်မာအမျိုးသားတွင် ၁၉၉၈ ခုနှစ်မှ စတင်၍ ကစားခဲ့သည်။ ၂၀၀၂ တိုက်ဂါးဖလားတွင် မြန်မာလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
မွေးသက္ကရာဇ် | [၁] | မေ ၁၉၊ ၁၉၈၂||
မွေးရပ်ဇာတိ | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ||
အရပ်အမြင့် | ၁.၇၀ m (၅ ft ၇ in) | ||
ကစားသည့်နေရာ | တိုက်စစ်မှူး | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ကမ္ဘောဇ (မန်နေဂျာ) | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
၁၉၉၈–၂၀၀၈ | ဘဏ္ဍာနှင့် အခွန် | ||
၂၀၀၈–၂၀၁၀ | ကမ္ဘောဇ | ||
နိုင်ငံကိုယ်စားပြုအသင်း | |||
၂၀၀၁–၂၀၀၅ | မြန်မာ ယူ-၂၃ | ||
၁၉၉၈–၂၀၀၈ | မြန်မာ | ၁၅၀ | (၅၉) |
အုပ်ချုပ်ခဲ့သော အသင်းများ | |||
၂၀၁၅– | ရှမ်းယူနိုက်တက် | ||
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
၂၀၀၄ တိုက်ဂါးဖလားတွင် စိုးမြတ်မင်းသည် အားထားရသော ကစားသမားတစ်ဦးဖြစ်လာပြီး မြန်မာအသင်းအား ဆီးမီးဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထိုပြိုင်ပွဲတလျှောက်တွင် သူသည် ၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယဂိုးအများဆုံးသွင်းနိုင်သူတစ်ဦး ဖြစ်ခဲ့သည်။ [၂]
စိုးမြတ်မင်းသည် ၂၀၀၆ မာဒေကားဖလားတွင်လည်း မြန်မာအသင်းအား ၄ ကြိမ်မြောက်ဗိုလ်စွဲသူ ဖြစ်လာစေရန်အတွက်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ကာ ထိုပြိုင်ပွဲအတွက် တန်ဖိုးကြီးသော အားကစားသမားတစ်ဦး ဖြစ်ခဲ့သည်။ စိုးမြတ်မင်းသည် ၂၀၀၇ အာဆီယံဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးများ လုပ်ဆောင်နေစဉ်ကာလအတွင်း ဒဏ်ရာရရှိခဲ့ကာ အုပ်စုပွဲများတွင်ပင် ဝင်ရောက်ကစားနိုင်ခြင်း မရှိခဲ့ချေ။ ထိုပြိုင်ပွဲတွင် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်သို့ပင် မရောက်ရှိခဲ့ချေ။ မြန်မာ့ဘောလုံးကြယ်ပွင့်ဖြစ်သော စိုးမြတ်မင်းသည် ၂၀၀၈ အာရှဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ခဲ့ကာ နီပေါအသင်းအား ဂိုးသွင်းယူခဲ့သည်။ [၃]
စိုးမြတ်မင်းသည် ဂရင်းရွိုင်ရယ် ဖိတ်ခေါ်ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မလေးရှားအသင်းအား ဟက်ဒရစ်သွင်းယူခြင်း[၄][၅]၊ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းအား ၂-၁ ဖြင့် အနိုင်ရရှိစေခြင်းဖြင့် မြန်မာအသင်းအား ချန်ပီယံဖြစ်စေခဲ့သည်။[၄] သူသည် နိုင်ငံတကာပွဲပေါင်း ၁၅၀ ခန့်ကစားခဲ့ပြီး နိုင်ငံအတွက် ၅၉ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ FIFA profile။ 4 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။
- ↑ Lewis named Emirates MVP။ 19 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။
- ↑ AFC Report။ 5 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ Challenge Cup: Myanmar Beat Indonesia To Win Final | Goal.com
- ↑ Challenge Cup: Myanmar Thrash Malaysia | Goal.com
ဤ အတ္ထုပ္ပတ္တိ မြန်မာဘောလုံးအားကစားနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |