စိုးသူ

မြန်မာရုပ်ရှင်သရုပ်ဆောင်

စိုးသူသည် အကယ်ဒမီဆုရ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် တစ်ဦးဖြစ်သည်။ တကိုယ်တော် စီးရီး ၁၁ ခွေမျှ ထုတ်ဝေခဲ့ပြီး ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်၊ ဗွီဒီယို ဇာတ်ကားပေါင်း ၂၀၀ ကျော်ကို ရိုက်ကူးခဲ့သည်။

စိုးသူ
မွေးဖွားစိုးသူလွင်
(1965-11-30) နိုဝင်ဘာ ၃၀၊ ၁၉၆၅ (အသက် ၅၈)
တောင်တွင်းကြီးမြို့
အခြား အမည်များကိုကိုညီ
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၃–လက်ရှိ
အိမ်ထောင်ဖက်(များ)ခင်မြမြဝတ်မှုန်ဆွေ(ကွာရှင်း)
သားသမီးAngel Soe Lwin
မိဘ(များ)ဦးခင်မောင်လွင်+ဒေါ်ခင်သူဇာ

ကိုယ်ရေးကိုယ်တာ ပြင်ဆင်ရန်

၁၉၆၅-ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် တောင်တွင်းကြီးမြို့၌ မွေးဖွားသည်။[၁][၂] အဖ ဦးခင်မောင်လွင်(ဆည်မြောင်းတိုင်းဦးစီးမှူး)နှင့် အမိ ဒေါ်ခင်သူဇာ(ဗဟိုတရားရုံးရှေ့နေ)တို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အမည်ရင်းမှာ စိုးသူလွင် ဖြစ်သည်။ ငယ်နာမည်မှာ ကိုကိုလွင် ဖြစ်သည်။ [၃] မွေးချင်း ၃ ယောက် ရှိပြီး အစ်မတစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။[၄]

အနုပညာလှုပ်ရှားမှု ပြင်ဆင်ရန်

ဒါရိုက်တာ၊ စာရေးဆရာ ကျော်နိုင်၏ နံ့သာလူးချိန်၊ ပန်းဖူးချိန် ဇာတ်ကားနှင့် ပိတ်ကားပေါ် ရောက်ရှိခဲ့သော်လည်း ၁၉၈၃ ခုနှစ်တွင် မိုက်ကြွေးမိုက်ပြစ် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အနုပညာလောကသို့ တရှိန်ထိုး နာမည်ကြီးလာခဲ့သည်။ ထိုကားတွင် ခိုင်ခင်ဦးနှင့် တွဲဖက်ရိုက်ကူးခဲ့သည်။ ပထမဆုံး တကိုယ်တော် တေးစီးရီးခွေ ရည်းစားလေး အချစ်ရဲ့မှတ်တမ်း အား ၁၉၈၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။[၄]

အားကစားအနေဖြင့် ရေကူး၊ စက်ဘီးစီး၊ စကိတ်စီး၊ ဂျူဒို၊ ကရာတေးတို့လည်း ဝါသနာပါသူ ဖြစ်သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

အနုပညာလောကမှ ခေတ္တ အနားယူပြီးနောက် အမေရိကန်ပြည်ထောင်စု Southern Maryland Hospital နှင့် Washington Hospital Center တို့တွင် ဆရာဝန် အဖြစ် တာဝန်ထမ်းခဲ့သည်။ [၅]

ကိုးကား ပြင်ဆင်ရန်