စီဝရအစ္ဆန္ဒိနသိက္ခာပုဒ်
စီဝရအစ္ဆိန္ဒနသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]
သမိုင်း
ပြင်ဆင်ရန်မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် အသျှင်ဥပနန္ဒသည် ဇနပုဒ်သို့ လှည့်လည်ရန် အတူနေရဟန်းအား ပြော၏။ ထိုအခါ အတူနေရဟန်း ရိနွမ်းသော သင်္ကန်းရှိသဖြင့် မလိုက်နိုင်ကြောင်း ပြော၏။ ထိုအခါ အသျှင်ဥပနန္ဒသည် ထိုရဟန်းအား သင်္ကန်းကို ပေး၏။
ထိုအချိန်တွင် မြတ်စွာဘုရားသည် ဇနပုဒ်သို့ လှည့်လည်မည်ဖြစ်၏။ ထိုအကြောင်းကို အသျှင်ဥပနန္ဒ၏ အတူနေရဟန်းသည် ကြား၍ မြတ်စွာဘုရားနှင့်အတူ လှည့်လည်ရာတွင် လိုက်လို၏။ ထိုအခါ အသျှင်ဥပနန္ဒသည် “ဇနပုဒ်သို့ လှည့်လည်ကြအံ့” ဟု ခေါ်၏။ အတူနေရဟန်းလည်း “မလိုက်တော့ပါ၊ မြတ်စွာဘုရားနှင့်အတူ သွားတော့မည်”ဟု ဆို၏။ ထိုအခါ အသျှင်ဥပနန္ဒသည် “ငါသည် ငါနှင့်အတူ လိုက်မည်ဟု သင်္ကန်းကို ပေးမိသည်” ဟု ဆိုကာ အမျက်ထွက်ကာ သင်္ကန်းကို ပြန်ယူ၏။
ထိုအခါ အတူနေရဟန်းသည် ထိုအကြောင်းကို ရဟန်းတို့အား ပြောပြ၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် “ဟုတ်မှန်ပါသလော” ဟု မေးမြန်းရာ အသျှင်ဥပနန္ဒသည် “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်“အကြင် ရဟန်းသည် ရဟန်းအား ကိုယ်တိုင် သင်္ကန်းကို ပေး၍ အမျက်ထွက်လျက် နှလုံးမသာသဖြင့် (ကိုယ်တိုင်သော်လည်းကောင်း) လုယူငြားအံ့၊ (သူတစ်ပါးကိုသော်လည်းကောင်း) လုယူစေငြားအံ့ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]