လီချယ်ရင်း (ဖေဖော်ဝါရီလ ၂၆, ၁၉၉၁ခုနှစ်ဖွား) ကို သူမ၏ စတိတ်စင်နာမည် စီအဲလ်ဟု လူသိများပြီး တောင်ကိုရီးယား ရက်ပ်အဆိုတော် နှင့် တေးရေးဆရာတစ်ဦး ဖြစ်သည်။ သူမကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တွင်မွေးဖွားခဲ့ပြီး သူမ၏ငယ်ဘဝမှာ ဂျပန်နှင့်ပြင်သစ်နိုင်ငံတို့တွင် ကုန်ဆုံးခဲ့သည်။ စီအဲလ်သည် အသက် ၁၅ နှစ်အရွယ်တွင် YG Entertainment သို့ အဆိုတော်အဖြစ် မဝင်ရောက်မီ JYP Entertainment တွင်လေ့ကျင့်ခဲ့သည်။ 2NE1 ဆိုသည့် မိန်းကလေးအဆိုတော်အဖွဲ့ဝင်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့ပြီနောက် 2NE1 မှာ နာမည်ကျော်ကြားလာပြီး တစ်သက်တာရောင်းအားအကောင်းဆုံး မိန်းကလေးအဆိုတော်အဖွဲ့များ အနက်မှ တစ်ဖွဲ့ဖြစ်လာခဲ့သည်။

စီအဲလ်
စီအဲလ်၊ ဇွန်လ ၂၀၂၁
မွေးဖွားလီချယ်ရင်း
(1991-02-26) ဖေဖော်ဝါရီ ၂၆၊ ၁၉၉၁ (အသက် ၃၃)
ဆိုးလ်မြို့တောင်ကိုရီးယား
နိုင်ငံလူမျိုးတောင်ကိုရီးယား
အလုပ်အကိုင်
  • အဆိုတော်
  • ဂီတပညာရှင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၇–ယခုအထိ

ကိုယ်ရေးအကျဉ်း ပြင်ဆင်ရန်

၁၉၉၁-၂၀၀၈: ငယ်ဘဝနှင့် အဆိုတော်ဖြစ်လာခြင်း ပြင်ဆင်ရန်

လီချယ်ရင်းကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် မွေးဖွားခဲ့ပြီးသူမ၏ငယ်ဘဝ အချိန်အများစု၌ ပါရီမြို့၊ စူကူဘာမြို့နှင့် တိုကျိုမြို့တို့တွင် နေထိုင်ခဲ့သည်။[၁] သူမအသက် ၁၅ နှစ်တွင် YG Entertainment ၌ လူရွေးခံခဲ့ရသည်။[၂][၃]

၂၀၀၉–၂၀၁၃: 2NE1 ပြင်ဆင်ရန်

သူမသည် စတိတ်စင်နာမည် 'စီအဲလ်' အဖြစ် ဂီတလောကထဲသို့ ဝင်ရောက်ခဲ့ပြီး 2NE1 ၏ အဖွဲ့ခေါင်းဆောင်နှင့် အဓိကရက်ပါအဖြစ် အခြားအဖွဲ့ဝင်များဖြစ်ကြသည့် ဘွန်း၊ ဆင်ဒါရာ ပါ့ခ်၊ မင်ဇီ တို့နှင့်အတူ ဖျော်ဖြေခဲ့သည်။

 
"Hello Bitches" အတွက် ပရိုမိုးရှင်းဓာတ်ပုံ၊ ၂၀၁၅ခုနှစ်

၂၀၁၄-၂၀၁၈: တစ်ကိုယ်တော်အနုပညာအလုပ်စတင်ခြင်း ပြင်ဆင်ရန်

၂၀၁၄ခုနှစ်၊ အောက်တိုဘာလတွင် စီအဲလ်မှ လာမည့်နှစ်တွင်တစ်ကိုယ်တော်အနုပညာရှင်အဖြစ် ပွဲဦးထွက်ရန် စီစဉ်နေကြောင်းကြေညာခဲ့ပြီးနောက် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် စီအဲလ်သည်သူမ၏ပထမဆုံး တစ်ကိုယ်တော်မီနီအယ်ဘမ် Lifted EP အတွက် အမြည်းအဖြစ် သူမ၏ ပထမဆုံး တစ်ကိုယ်တော်သီချင်းဖြစ်လာမည့် "Hello Bitches" ကို ဖြန့်ချိခဲ့သည်။[၄][၅]တိုင်းမ် မဂ္ဂဇင်း က သူမအား "အမေရိကရှိ ကေပေါ့ပ်ဂီတ၏အနာဂတ်" ဟုမှတ်ချက်ပြုခဲ့သည်။[၆]

2019–လက်ရှိ : YG Entertainment မှထွက်ခွာခြင်း၊ In the Name of Love နှင့် Alpha ပြင်ဆင်ရန်

YG Entertainment က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် စီအဲလ်သည် ကုမ္ပဏီနှင့် စာချုပ်သက်တမ်းမတိုးတော့ဘဲ ထွက်ခွာတော့မည်ဟု ကြေညာခဲ့သည်။[၇] YG မှထွက်ခွာပြီးမကြာမီ ဒီဇင်ဘာ ၄ရက်နေ့တွင် သူမ၏ဒစ်ဂျစ်တယ်တစ်ကိုယ်တော် EP ပရောဂျက် In the Name of Love မှ သီချင်းများကို သုံးပတ်ဆက်တိုက် ဖြန့်ချိခဲ့သည်။[၈][၉] ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် စီအဲလ်သည် သူမအနေဖြင့် ထိုနှစ်နှောင်းပိုင်းတွင် ဖြန့်ချိမည့် အယ်လ်ဘမ်သစ်အတွက် အလုပ်လုပ်နေကြောင်း ကြေညာခဲ့သည်။ ကြေညာပြီးနှစ်ရက်အကြာတွင် သူမဖြန့်ချိလာမည့် အယ်လ်ဘမ်အတွက် မိတ်ဆက်သီချင်းအဖြစ် "Post Up" သီချင်းဗီဒီယိုကို ဖြန့်ချိခဲ့သည်။[၁၀] အောက်တိုဘာလ ၂၉ ရက်နေ့တွင် သူမသည် ယခင်ကုမ္ပဏီမှ အဖော် Tablo နှင့်အတူ ပူးတွဲရေးသားခဲ့သော "+Hwa+" နှင့် "+5 Star+" သီချင်းနှစ်ပုဒ်ကို ဖြန့်ချိခဲ့သည်။[၁၁] တစ်ချိန်တည်းမှာပင် CL သည်သူမ၏ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်သော Alpha ကိုနိုဝင်ဘာ ၃၀ရက်တွင်ဖြန့်ချိမည်ဟု ကြေညာခဲ့သော်လည်း[၁၂][၁၃] သို့သော် နိုဝင်ဘာ ၁၆ရက်တွင် သူမအနေဖြင့် အယ်လ်ဘမ်ဖြန့်ချိခြင်းကို ၂၀၂၁ ခုနှစ်အစောပိုင်းအထိရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့သည်ဟုကြေညာခဲ့သည်။[၁၄]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စီအဲလ်သည်သူမအသက် ၃၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် "Wish You Were Here" အမည်ရှိ သီချင်းတစ်ပုဒ်ကိုဖြန့်ချိခဲ့သည်။ အဆိုပါသီချင်းမှာ သီချင်းမထွက်လာမီတစ်လက နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်ခဲ့သည့် သူမ၏အမေဖြစ်သူအား လွမ်းဆွတ်ခြင်းအားဖြင့် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။[၁၅] ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် စီအဲလ်သည်သူမ၏ ပြည်တွင်းအနုပညာလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန် Konnect Entertainment နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။[၁၆] စီအဲလ်သည် သူမ၏အယ်လ်ဘမ် Alpha ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဖြန့်ချိမည်ဟုကြေညာခဲ့သည်။[၁၇]

ကိုးကားချက် ပြင်ဆင်ရန်

 

  1. CL at Naver Music (in ko)။ Naver Music။ NHN Corp။
  2. [CL 1부. 새해 첫 날, 눈물 젖은 자장면 드셔보셨나요?] (in ko)။ OSEN
  3. [2NE1 21문21답③CL, '데모 테이프 들고 무작정 YG 문 노크'] (in ko)။ Edaily
  4. CL Preps Debut English EP 'Lifted' for Fall
  5. Diplo Talks K-Pop & New Songs Recorded With CL in 'Time' Interview
  6. Here's Why CL Is the Future of K-Pop in AmericaTime
  7. "씨엘, 결국 YG 떠난다…"전속계약 종료 합의..각별한 마음으로 응원"[공식입장]"၊ November 8, 2019။ 
  8. CL Leaves Longtime K-Pop Label: Report (November 8, 2019)။
  9. CL Launches Merch for 'In the Name of Love' (December 4, 2019)။
  10. "'Post Up': CL makes triumphant return as K-pop's 'baddest female, fans call her comeback's appetizer 'insane'"၊ September 13, 2020။ 
  11. CL releases two new singles, Epik High's Tablo revealed as one of the lyricists for '5 STAR' (October 29, 2020)။
  12. CL Finally Drops Her Comeback Singles, "HWA" and "5 STAR" (October 29, 2020)။
  13. CL Announces Debut Solo Album, Performs Infectious Single 'HWA' on 'Corden': Watch (October 29, 2020)။
  14. CL Postpones 'ALPHA' Album Release Date
  15. "CL, 어머니 추모곡 'Wish You Were Here' 발표 [공식]" (in ko)၊ February 26, 2021။ 
  16. "강다니엘과 급성장 커넥트, CL과 파트너십 체결 "글로벌 비즈니스 영향력 강화"" (in ko)၊ July 10, 2021။ 
  17. "CL, 데뷔 13년만 첫 솔로 정규앨범..24일 컴백 확정" (in ko)၊ August 13, 2021။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်