စီးတဲ့ရေ ဆည်တဲ့ကန်သင်း
စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်စီးဝင်လာသော ရေကို လယ်ကွင်းထဲ၌ တည်နေအောင် ကန်သင်းဆည်၍ ပိတ်ထားရသကဲ့သို့ အိမ်ထောင်တစ်ခုတွင် လင်ယောကျ်ား ရှာဖွေ၍ရသော စီးပွားဥစ္စာကို မလေမလွင့်ရအောင် အိမ်ရှင်မဖြစ်သူက ထိန်းသိမ်းရသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုသော စကားကဲ့သို့ အိမ်ထောင်ဦးစီး ယောကျ်ားများ ရှာဖွေရရှိသော ငွေကြေးကို ဇယားချ၍ စေ့ငအောင်သုံးစွဲရသည်။" [၁၃၁၉] စာဗိမာန်၊ ၆၊ ၇။ ၈၅။