စုမြတ်ထက် သည် လက်ရှိစစ်ကိုင်းမြို့နယ် မဲဆန္ဒနယ် ၂ မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ မြန်မာနိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။[၁][၃]

စုမြတ်ထက်
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂[၁]
အနိုင်ရမဲ အရေအတွက်၆၀,၉၈၁[၂]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1980-07-22) ၂၂ ဇူလိုင်၊ ၁၉၈၀ (အသက် ၄၃)
စစ်ကိုင်းမြန်မာနိုင်ငံ
လူမျိုးဗမာ
နိုင်ငံရေးပါတီအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြင်ဖော်(များ)ဦးကျော်မျိုးအောင်
သားသမီး
မိဘသန်းကျော် (ဖခင်)
ပညာရေးM.Ed, B.Ed, B.A, Dip in Eng,Dip in Political Science

အစောပိုင်းဘဝနှင့်ပညာရေး ပြင်ဆင်ရန်

သူမသည် ၁၉၈၀ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူမသည် M.Ed, B.Ed, B.A, Eng အတွက် Dip, နိုင်ငံရေးသိပ္ပံအတွက် Dip ဘွဲ့များ ရရှိခဲ့သည်။ သူမ၏ ယခင်က Kid's Smile ပုဂ္ဂလိကျောင်း၏ ကျောင်းအုပ်ဆရာမအဖြစ် လုပ်ကိုင်ခဲ့သည်။ သူမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်လူငယ်တာဝန်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးလုပ်ဆောင်ချက် ပြင်ဆင်ရန်

စုမြတ်ထက်သည် စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ၆၀၉၈၁ မဲဖြင့် အနိုင်ရခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ သူမသည်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် NLD ပါတီ အမျိုးသမီးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသလို အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။[၄]

ကိုးကား ပြင်ဆင်ရန်