စုံပတတ်ပင်သည် ပိန္နဲပင်နှင့်တူသော်လည်း ပိန္နဲပင်အောက် နိမ့်၍ ပင်လုံးငယ်သည်။ စုံပတတ်သီးမှာ အရှည်တစ်ပေခန့်ရှိ၍ လုံးပတ် ၂ ထွာခန့်ရှိသည်။ ပိန္နဲသီးနှင့်တူသော်လည်း စူးရှသော ဆူးများ မရှိချေ။ အခွံ၌ အကွက်များရှိသည်။ ပိန္နဲသီးကဲ့သို့ပင် အထဲ၌ ရွှေဝါရောင်အမြွာများရှိသည်။ အရသာချို၍ အနံ့စူး သည်။ ပူသောသတ္တိ အနည်းငယ်ရှိသည်။ ထိုအသီးများကို စုံပတတ်၊ စုံကဒတ်၊ စွန်မတတ်၊ စုံတတ် စသည်ဖြင့် ခေါ်ကြ သည်။ တစ်ဦးနှင့်တစ်ဦး တစ်ရပ်နှင့်တစ်ရပ် အခေါ်အဝေါ်ချင်း မတူပေ။ ဥတုဘောဇနသင်္ဂဟကျမ်း၌ ပိန္နဲသီးနှင့် ဩဇာဓာတ် ချင်းတူသည်ဟုဆို၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)