စု၊ဦး( ဂျီ၊ စီ၊ ဘီ၊ အေ)(ခရစ် ၁၉၀၁-၁၉၈၇) ပြင်ဆင်ရန်

သပိတ်မှောက် ဂျီ၊ စီ၊ ဘီ၊ အေ ခေါင်းဆောင် တစ်ဦးဖြစ်သော နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ရ ဦးစုကို ၁၉၀၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် အဖ ပရိက်ခရာ ကုန်သည် ဦးကံရ၊ အမိ ဒေါ်နု တို့က ပြည်မြို့၌ မွေးဖွားသည်။ ပြည်မြို့ အဂင်လိပ် - မြန်မာ အထက်တန်းကျောင်း၌ ပညာသင်ကြားသည်။ ပညာသင်ကြားဆဲ ၁၉၂၂ ခုနှစ်၊ အသက် ၂၁ နှစ် အရွယ်တွင် အဂင်လိပ်အစိုးရကို မလိုလားရာမှ အဂင်လိပ်စာ မသင်လိုတော့ဘဲ ဂျာမနီနိုင်ငံ မြူးနစ်မြို့သို့ ထွက်ခွာသွားခဲ့သည်။ ဂျာမနီနိုင်ငံတွင် ဓာတုဗေဒ ပညာကို သင်ယူသည်။ ခြောက်နှစ်အကြာ ၁၉၂၇ ခုနှစ် နိုဝင်ဘာလတွင် ဂျာမနီမှ ပြန်လာပြီး ဆပ်ပြာချက် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ဦးစိုးသိမ်း ဂျီစီဘီအေ၌ စက်ကရီတေရီ အဖြစ် ဆောင်ရွက်ခဲ့လေသည်။ ထို့နောက် အလုပ်သမားများအား နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ဖြစ်ပေါ်လာစေရန် လှုံ့ဆော် စည်းရုံးလို၍ သန်လျင် ဘီအိုစီတွင် သုံးနှစ်ကြာသည် အထိ စာရေး ဝင်လုပ်ခဲ့သည်။ ထိုမှ တစ်ဆင့် ဦးစိုးသိမ်း ဦးဆောင် သည့် ဂျီစီဘီအေ အဖွဲ့ကြီးတွင် အကျိုးဆောင် ဝင်လုပ်ခဲ့သည်။ ထိုစဉ် အဂင်လိပ်အစိုးရက ပေးအပ်သည့် ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်ကို ဂျီ၊ စီ၊ ဘီ၊ အေ အသင်းချုပ်ကြီး အတွင်း လက်ခံသင့် ၊ မခံသင့် အပြင်းအထန် အငြင်းအခုံ ဖြစ်ရာမှ ဦးစိုးသိမ်း ခေါင်းဆောင်သော ဂျီ၊ စီ၊ ဘီ၊ အေကို မနှစ်မြို့သူများ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် တောင်ငူမြို့တွင် ကျင်းပသော (၁၆) ကြိမ်မြောက် ဂျီ၊ စီ၊ ဘီ၊ အေ ကွန်ဖရင့်တွင် ဦးစိုးသိမ်းကို မနှစ်မြို့သူများက ဦးစုကို ဂျီစီဘီအေ သမ်မတ အဖြစ် တင်မြှောက်ခဲ့သည်။ ဦးစု ခေါင်းဆောင်သော ဂျီစီဘီအေသည် သပိတ်မှောက် ဂျီစီဘီအေ ဟု တွင်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ရမည်းသင်း တောင်ပိုင်း ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ ဂျပန်ခေတ်တွင် ဂျပန်စစ်ရုံးက ဦးစုအား ထောင်ဒဏ် တစ်နှစ် အပြစ်ပေးခဲ့သည်။ ဦးစုသည် နိုင်ငံရေးမှ အနားယူပြီးနောက် ဝါးနက်ချောင်း၌ ခြံစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ တစ်ဖက်မှလည်း နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း ဆောင်းပါးများ ရေးသားခဲ့သည်။ 'ဗုဒ်ဓဘာသာနှင့် ဆိုရှယ်လစ်ဝါဒ' ၊‘ကွန်မြူနစ်တို့၏ လောကနိဗ်ဗာန်’၊ 'နိုင်ငံရေးနှင့် ပိုက်ဆံ'၊'မြန်မာ့အရေးနှင့်’ ကမ်ဘာ့အရေး' စသည့် စာအုပ်များ ရေးသားထုတ်ဝေခဲ့သည်။ ဦးစုအား ၁၉၈၀ ပြည့်နှစ် တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ်မတ မြန်မာနိုင်ငံတော် နိုင်ငံတော် ကောင်စီက နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်) ကို ချီးမြှင့်ခဲ့သည်။ ဦးစုသည် သူနာပြုဆရာမကြီး တစ်ဦးဖြစ်သော ဒေါ်ရင်မေနှင့် အိမ်ထောင်ပြုခဲ့သည်။ သားသမီး မထွန်းကားခဲ့သဖြင့် ဇနီးသည် ကွယ်လွန်ပြီးနောက် ၎င်းင်း၏ တူဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်