စူရာဟ်ဖာသိဟ
စူရာဟ်ဖာသိဟ (အင်္ဂလိပ်: Al Fatiha; အာရပ်: الفاتحة, IPA: [alˈfaːtiħa]) သည် အလ္လာဟ်အရှင်မြတ်၏ ချပေးထားသော လူသားတို့ဖတ်ရွတ်ရမည့် ကုရ်အာန်ကျမ်းတော်မြတ်၏ (အဓိပ္ပာယ် မှာ - အဖွင့်ကဏ္ဍ) အစဖြစ်သည်။ ဤ စူရာဟ်တွင် မုက္ခပတ်တော်ပေါင်း (၇) ပါးပါဝင်ပြီး မက္ကဟ်မြို့တွင် ကျရောက်ခဲ့တော်မူသည်။
စာသား
ပြင်ဆင်ရန်စာသားနှင့် ရောမအက္ခရာဖလှယ်ခြင်း
ပြင်ဆင်ရန်بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1 Bismi l-lāhi r-raḥmāni r-raḥīm(i)
ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ لا
2 ’al ḥamdu lil-lāhi rab-bi l-‘ālamīn(a)
ٱلرَّحْمَٰنِ ٱلرَّحِيمِ لا
3 ’ar raḥmāni r-raḥīm(i)
مَٰلِكِ يَوْمِ ٱلدِّينِ قلے
4 Māliki yawmi d-dīn(i)
إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ قلے
5 ’iy-yāka na‘budu wa’iy-yāka nasta‘īn(u)
ٱهْدِنَا ٱلصِّرَٰطَ ٱلْمُسْتَقِيمَ لا
6 ’ihdinā ṣ-ṣirāṭa l-mustaqīm(a)
صِرَٰطَ ٱلَّذِينَ أَنْعَمْتَ عَلَيْهِمْ لا٥ غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ ع
7 Ṣirāṭa l-ladhīna ’an‘amta ‘alayhim, ghayri l-maghḍūbi ‘alayhim wala ḍ-ḍāl-līn(a)
အင်္ဂလိပ်ဘာသာပြန်
ပြင်ဆင်ရန်1
In the name of Allāh, the Entirely Merciful, the Especially Merciful.
2
[All] praise is [due] to Allāh, Lord of the worlds –
3
The Entirely Merciful, the Especially Merciful,
4
Sovereign of the Day of Recompense.
5
It is You we worship and You we ask for help.
6
Guide us to the straight path –
7
The path of those upon whom You have bestowed favor, not of those who have evoked [Your] anger or of those who are astray.
ဘာသာပြန်။ Saheeh International,[၁] 1997
မြန်မာဘာသာပြန်
ပြင်ဆင်ရန်၁
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏)။
၂
ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။
၃
(အလ္လာဟ်အရှင်မြတ်သည်) မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူ၏။
၄
(အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန် သောသတ္တဝါတို့ကို ရှင်ပြန်ထစေတော်မူ၍ သူတော်စင်တို့အား)ကောင်းကျိုး၊ (မသူတော်တို့အား)မကောင်းကျိုး ပေးတော်မူမည်ဖြစ်သောနေ့ ကိုအစိုးရတော်မူသောအရှင်ဖြစ်သည်။
၅
ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင်ခယရိုကျိုး ရှိခိုးဆည်းကပ်ကြပါ၏။ ထို့ပြင်တဝ ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူပါရန်အရှင်မြတ် အထံတော်၌သာလျှင် ဆုတောင်းပတ္ထနာပြုပါ၏။
၆
(အို-အလ္လာဟ်အရှင်မြတ်)ကျွန်တော်မျိုးတို့အားအစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်များ ကို ညွှန်ကြား ပြသတော်မူပါ။
၇
အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည်(မေတ္တာကရုဏာသက်ဝင်တော်မူ၍) သုခချမ်းသာ ဂုဏ်ကျေးဇူးကို ပြုခဲ့လေပြီဖြစ်၏။ ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကို (ကျွန်တော်မျိုးတို့အားလည်း ညွှန်ကြားပြသတော်မူပါ။)(ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်း မဟုတ်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ quran.com။, al-Fatihah (1) : 1–7, Sahih International
- ↑ အစ္စလာမ်ဘာသာ၏မူရင်းမြန်မာဘာသာပြန်ဘာသာပြန် သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့ ။ ၇-၇-၂၀၂၂ (ကြာသာပတေးနေ့)။ 20 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2022 တွင် ပြန်စစ်ပြီး။