ဧကကနိပါတ် - ၆။ အာသီသဝဂ် -၅၂- စူဠဇနကဇာတ်။ ။ ပင်လယ်တွင်းသင်္ဘောပျက်ရာ လုံ့လကို မလျှော့သဖြင့် မင်းအဖြစ်ကိုရသော စူဠ ဇနကမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

လုံ့လလျှော့က ပြစ်တင်ကြ ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်လုံ့လဝီရယယုတ်လျော့သော ရဟန်းတစ်ပါး ရှိသတတ်။ ထိုရဟန်းသည် မြတ်စွာဘုရားထံရောက်၍မြတ်စွာဘုရားသည် “ချစ်သား ရဟန်း ... ငါဘုရား သာသနာတော်ဝယ် ရဟန်းပြုပါလျက်အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း” ဟု အပြစ်တင်ကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

[စူဠဇနကဇာတ်သည် အလုံးစုံ မဟာဇနက ဇာတ်နှင့်တူ၏။]

ယောကျ်ားအမွန်လုံ့လချွန် ပြင်ဆင်ရန်

အထူးကား စူဠဇနက မင်းကြီးသည်မိမိ၏ လုံ့လဝီရိယဖြင့် ထီးနန်းစည်းစိမ်ကို ရသောအခါ ထီးဖြူအောက်မှ နေလျက် -

လောက၌ပညာရှိယောကျ်ား မှန်လျှင် လုံ့လပြုရမည်၊ မပျင်းမရိရာ၊ လုံ့လပြုသည့်အတွက် ရေနစ်ရာမှကုန်းသို့တက်ကာ မင်းဖြစ်နေသော မိမိကိုယ်ကို မိမိမြင်ရပေပြီ -

ဟု မှူးမတ်တို့ အလယ်၌ ဥဒါန်းကျူးလေ၏။

ဤဒေသနာတော်၏အဆုံး၌ လုံ့လဝီရိယ လျော့သောရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ စူဠဇနကမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) မပျင်းမရိ၊ လုံ့လရှိ၊ ရ၏လိုလိုရာ။

(၂) စိတ်လိုရှိက၊ ဉာဏ်လုံ့လ၊ ကူမပြီးကြောင်းသာ။

(၃) သမုဒ်နစ်လေ၊ ဇနကေ၊ မသေမင်းဖြစ်လာ။

စူဠဇနကဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ