စူဠန္တရဒုက်
[၁] ဂေါစ္ဆကတို့၏ အကြား၌ ထားအပ်သောကြောင့်လည်းကောင်း, မဟန္တရဒုက်တို့အောက်ငယ်သောကြောင့်လည်းကောင်း စူဠန္တရဒုက်ဟု အမည်တွင်သည်၊ ယင်းစူဠန္တရဒုက်ကို အဘိဓမ္မာ ၇-ကျမ်းတွင် ဓမ္မသင်္ဂဏီကျမ်း ဒုကမာတိကာ ၌ ဟောတော်မူသည်၊ စူဠန္တရဒုက်၌ သပ္ပစ္စယဒုက်, သင်္ခတဒုက်, သနိဒဿနဒုက်, သပ္ပဋိဃဒုက်, ရူပီဒုက်, လောကိယဒုက်, ကေနစိဝိညေယျဒုက်ဟု ၇-ဒုက်ပါဝင်သည်။ [၂] [၃]