စူဠာမုနိလောကချမ်းသာစေတီတော်

တောင်ကြီးမြို့၊မြန်မာ။

စူဠာမုနိလောကချမ်းသာစေတီတော် သည် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သည် ပုဂံဒေသရှိ ကျန်စစ်သားမင်း တည်ထားကိုးကွယ်တော်မူခဲ့သည့် အာနန္ဒာဘုရား၏ မူရင်းပုံစံ အနုပညာလက်ရာများအတိုင်း အချိုးအစားကျနစွာ တည်ထားကိုးကွယ်ထားခြင်း ဖြစ်သည်။[၁]

စူဠာမုနိလောကချမ်းသာစေတီတော်

စေတီတော်၏ အချိုးအစားများ ပြင်ဆင်ရန်

  • ဉာဏ်တော်အမြင့် = ၁၈၀ ပေ
  • အထွတ်စေတီအမြင့် = ၂၀ ပေ
  • ကွန်းတောင်အမြင့် = ၂၄ ပေ
  • အာရုံခံတိုက်မအမြင့် = ၂၆ ပေ
  • အာရုံခံတိုက်မအကျယ် = ၁၁၃ ပေ
  • လိုဏ်ပတ်လမ်းအရှည် (တစ်ဖက်) = ၈၈ ပေ
  • လိုဏ်ပတ်လမ်းအကျယ် = ၉ ပေ
  • ဖိနပ်တော်အလျား = ၁၁၇ ပေ
  • အထွတ်စေတီ = ၁ ဆူ
  • တိုက်မအရံ = ၄ ဆူ
  • ကွန်းတောင်အရံစေတီ = ၄ ဆူ
  • မုခ်ဦးစေတီတော် = ၈ ဆူ[၁]

စေတီတော်မှတ်တမ်းများ ပြင်ဆင်ရန်

  1. ၁၃ − ၃ − ၁၉၉၄ တွင် ပရိကမ္မမြေသန့်ခြင်း အခမ်းအနား။
  2. ၂၆− ၃ − ၁၉၉၄ တွင် ရွှေပန္နက်တော်တင်ခြင်း မင်္ဂလာအခမ်းအနား။
  3. ၁၇ −၁ ၁၁ − ၁၉၉၄ တွင် ရွှေအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနား။
  4. ၁၄ − ၂ − ၁၉၉၅ တွင် ပထမအဆင့် မူလဌာပနာတော်သွင်းမင်္ဂလာအခမ်းအနား။
  5. ၄ − ၁ − ၁၉၉၆ တွင် ဒုတိယအဆင့် သတ္တဌာန ဌာပနာတော်သွင်းမင်္ဂလာအခမ်းအနား။
  6. ၂ − ၁၁ − ၁၉၉၆ တွင် အထက်အဆင့် ဌာပနာနှင့် ပန်းလည်တိုင် စိုက်ထူခြင်း မင်္ဂလာကို ဘုရားရှင်၏ မွေတော်၊ ဓာတ်တော်နှင့် ရဟန္တာဓာတ်တော်များအပါအဝင် ထည့်သွင်းကာ ဌာပနာခဲ့သည်။
  7. ၂၅ − ၁၁ − ၁၉၉၆ တွင် ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။
  8. ၁ − ၂ − ၁၉၉၇ အထွတ်စေတီ ကြေးပြားကပ်ရွှေချ ကပ်လှူပူဇော်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ စူဠာမုနိလောကချမ်းသာစေတီတော် တည်ဆောက်ရေးလုပ်ငန်းအကျဉ်းချုပ် (လက်ကမ်းစာစောင်)