စောနိုင်မိုးအောင် (ဘောလုံးသမား)

မြန်မာ ဘောလုံးသမား

စောနိုင်မိုးအောင်(၂ နိုဝင်ဘာ ၁၉၉၄ ခုနှစ်ဖွား)သည် မြန်မာနိုင်ငံသား ဘောလုံးသမားတစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတွင် ရှေ့တန်းတိုက်စစ်နေရာမှ ကစားလျက်ရှိသည်။ သူသည် ရန်ကုန်ယူနိုက်တက် လူငယ်အသင်းမှ အကြီးတန်းကလပ်သို့ ပြောင်းရွေ့ကစားလာသူတစ်ဦးလည်း ဖြစ်သည်။ စောနိုင်မိုးအောင်သည် တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့ဇာတိဖြစ်ပြီး ကရင်လူမျိုးခရစ်ယာန်ဘာသာဝင်တစ်ယောက်လည်း ဖြစ်သည်။

စောနိုင်မိုးအောင်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ စောနိုင်မိုးအောင်
မွေးသက္ကရာဇ် (1994-11-02) ၂ နိုဝင်ဘာ၊ ၁၉၉၄ (အသက် ၂၉)
မွေးရပ်ဇာတိ ကော့သောင်းမြို့မြန်မာနိုင်ငံ
အရပ်အမြင့် ၁.၇၀ m (၅ ft ၇ in)
ကစားသည့်နေရာ တိုက်စစ်
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရန်ကုန်ယူနိုက်တက်
လူငယ်ဘဝကလပ်များ
၂၀၁၂–၂၀၁၆ Yangon United Youth Club[၁]
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၆– ရန်ကုန်ယူနိုက်တက်

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ၂၉ နိုဝင်ဘာ ၂၀၁၆အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ၂၉ နိုဝင်ဘာ ၂၀၁၆ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကလပ်ကစားသမားဘဝ ပြင်ဆင်ရန်

လူငယ်တန်း ပြင်ဆင်ရန်

စောနိုင်မိုးအောင်၏ ဘောလုံးသမားဘဝအစသည် ရန်ကုန်ယူနိုက်တက် လူငယ်အသင်း၌ ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ သူသည် ၂၀၁၄ ခုနှစ် MNL Youth League တွင် အသင်းအတွက် ၁၈ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ထိုကြောင့် သူသည် ရွှေဖိနပ်နှင့် ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သည်။ အလားအလာရှိသော ကစားသမားတစ်ဦးဖြစ်သော်လည်း ဒူးဒဏ်ရာကြောင့် အားကစားလောကမှ ၂ နှစ်ခန့် အနားယူခဲ့ရသည်။

အကြီးတန်း ပြင်ဆင်ရန်

ဒဏ်ရာများ ပျောက်ကင်းပြီးနောက် ရန်ကုန်ယူနိုက်တက် အကြီးတန်းကလပ်မှ ဆက်သွယ်ခေါ်ယူကာ ၂၀၁၇ ခုနှစ်ကုန်ထိ စာချုပ်ချုပ်ဆိုခဲ့သည်။

ဆုများ ပြင်ဆင်ရန်

ကလပ် ပြင်ဆင်ရန်

  • ၂၀၁၄ ခုနှစ် MNL Youth Champion

တစ်ဦးချင်း ပြင်ဆင်ရန်

  • ၂၀၁၄ ခုနှစ် အကောင်းဆုံး လူငယ်ကစားသမားဆု
  • ၂၀၁၄ ခုနှစ် ရွှေဖိနပ်ဆု (၁၈ ဂိုး)[၂]


ကိုးကား ပြင်ဆင်ရန်

  1. Saw Naing Moe Aung Profile (in es)။ YGN's official profile (1 May 2015)။ 28 May 2015 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. Saw Naing Moe Aung Profile (in es)။ YGN's official profile (1 May 2015)။ 28 May 2015 တွင် ပြန်စစ်ပြီး။