နေစိုးမြ၊ စော

(စောနေစိုးမြ မှ ပြန်ညွှန်းထားသည်)

ဗိုလ်ကြီးစောနေစိုးမြသည် ကရင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ ၏ အငယ်ဆုံးသားဖြစ်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောထိန်မောင်၏ တူဖြစ်သည်။ ကရင်ငြိမ်းချမ်ရေးကောင်စီ (KNU/KNLA-PC) ၏ စစ်ရေးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

ဝဲမှယာသို့-ဗိုလ်ချူပ်ကြီးစောဘိုမြ၊ဗိုလ်မှူးကြီးနဒါးမြ၊ဗိုလ်ကြီးစောနေစိုးမြ

ဗိုလ်ချုပ်စောနေစိုးမြသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံတွင် တပ်ခွဲမှူး ဗိုလ်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် KNU မှ ခွဲထွက်ကာ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) အစိုးရနှင့် ပူးပေါင်းခဲ့သော (KNU/KNLA-PC) ထံ ဆက်သွယ်ဝင်ရောက်ခဲ့သူ ဖြစ်သည်။[၁]

ကိုဗစ်ရောဂါဖြင့် ၂၀၂၁ ခု ဩဂုတ်လ ၃ ရက် ညပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။

  1. https://burma.irrawaddy.com/news/2021/08/04/244842.html