စောမြကန် သည် ပုဂံခေတ် နရပတိစည်သူမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။ သူမသည် ထီးလိုမင်းလိုမင်း၏ မယ်တော် ဖြစ်သည်။[၁]

စောမြကန်
အလယ်နန်းမတော် မိဖုရား
နန်းသက်c. ၁၁၉၀ ဆယ်စုနှစ် – ၁၂၁၁
ရှေ့မင်းဆက်ဝဋံသိကာ
နောက်မင်းဆက်စောမိပြန်
ကွယ်လွန်ပုဂံ
အိမ်ထောင်ဖက်နရပတိစည်သူ
သားသမီးများထီးလိုမင်းလို
စောမင်းလှ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ရာဇဝင်ကျမ်းများက ထီးလိုမင်းလို၏ မယ်တော်သည် မိဖုရားစောမြကန် မဟုတ်ဘဲ ဥယျာဉ်စိုက်ပျိုးသူတစ်ဦး၏ သမီးဖြစ်သည်ဟု ဖော်ပြကြသည်။[၂][၃][၄] သို့သော်လည်း ကျောက်စာ အထောက်အထားအရ မိဖုရားစောမြကန်သည် ဇေယျသိင်္ခ (ထီးလိုမင်းလိုမင်း၏ ငယ်အမည်) နှင့် စောမင်းလှတို့၏ မယ်တော် ဖြစ်သည်ဟု သိရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ သန်းထွန်း ၁၉၆၄၊ စာ ၁၂၉
  2. မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၁၂
  3. ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၄
  4. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇–၃၁၈

ကျမ်းပြုစာရင်း ပြင်ဆင်ရန်

  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တွင်းသင်းတိုက်ဝန်မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ မဟာရာဇဝင်သစ်၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History1။ ရန်ကုန်: မဟာဒဂုံ။
စောမြကန်
Royal titles
ယခင်က
ဝဋံသိကာ
အလယ်နန်းမတော် မိဖုရား
c. ၁၁၉၀ ဆယ်စုနှစ် – ၁၂၁၁
ဆက်ခံသူ
စောမိပြန်