စောအလွှမ်း
စောအလွှမ်း (အလယ်ပြင်သည် ("အလယ်နန်းမတော် မိဖုရား") ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ခနှင့် နရပတိစည်သူမင်းများ၏ မိဖုရားတစ်ပါး ဖြစ်သည်။[၁]
စောအလွှမ်း | |
---|---|
ပုဂံပြည် အလယ်နန်းမတော်မိဖုရား | |
နန်းသက် | ၁၁၇၄ – c. ၁၁၉၀ ဆယ်စုနှစ် |
ရှေ့မင်းဆက် | တိလောက စန္ဒာဒေဝီ |
နောက်မင်းဆက် | ဝေဠုဝတီ |
မွေးဖွား | c. ၁၁၄၀ ဆယ်စုနှစ် ပုဂံ |
ကွယ်လွန် | c. ၁၁၉၀ ဆယ်စုနှစ် ပုဂံ |
အိမ်ထောင်ဖက် | နရသိင်္ခ (c. ၁၁၆၀ ဆယ်စုနှစ်–၁၁၇၄) နရပတိစည်သူ (၁၁၇၄–၉၀ဆယ်စုနှစ်?) |
သားသမီးများ | သတ္တိ-ခမိ |
စံအိမ် | ပုဂံ |
ခမည်းတော် | ရာဇသူ |
မယ်တော် | အိမ်တော်သည် |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
စောအလွှမ်းသည် ဖခင် ရာဇသူ၊ နှင့် တောင်ပြင်သည်နှင့် ခင်အုံးတို့၏ တူမ မိခင် အိမ်တော်သည်တို့၏ သမီးတော်နှစ်ဦးအနက် သမီးတော်ကြီး ဖြစ်သည်။[၂][၃][၄] ရာဇဝင်ကျမ်းများက သူမကို အလယ်ပြင်သည် ("အလယ်နန်းမတော် မိဖုရား") ဟု ဖော်ပြကြသော်လည်း[၂][၄] နရပတိစည်သူမင်းလက်ထက်တွင် ရေးထိုးခဲ့သော ကျောက်စာတစ်ခုအရ သူမ၏ ဘွဲ့အမည် သို့မဟုတ် ငယ်မည်မှာ စောအလွှမ်း (သို့မဟုတ် ယခုခေတ် မြန်မာဘာသာအရ စောထိပ်ထား) ဖြစ်သည်။[၅] သူမတွင် နရပတိစည်သူမင်းနှင့် မွေးဖွားခဲ့သော သတ္တိ-ခမိ အမည်ရှိ သမီးတော်တစ်ဦး ရှိခဲ့သည်။[၅] စောအလွှမ်းသည် နရပတိစည်သူမင်းလက်ထက် (အေဒီ ၁၁၈၆ တွင် ဝေဠုဝတီမိဖုရား ကွယ်လွန်ပြီးနောက်) တွင် ကွယ်လွန်ခဲ့ပြီး အလယ်နန်းမတော် မိဖုရားနေရာကို အခြားမိဖုရားတစ်ဦးက ဆက်ခံခဲ့သည်။[၆]
ကိုးကား
ပြင်ဆင်ရန်ကျမ်းပြုစာရင်း
ပြင်ဆင်ရန်- ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး။ ၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
- တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ ရာဇဝင်သစ်ကျမ်း။ ၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
- တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်။ ၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
- ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ၁။ ရန်ကုန်: မဟာဒဂုံ။
စောအလွှမ်း
| ||
Royal titles | ||
---|---|---|
ယခင်က တိလောက စန္ဒာဒေဝီ |
ပုဂံပြည် အလယ်နန်းမတော်မိဖုရား ၁၁၇၁ – c. ၁၁၉၀ ဆယ်စုနှစ် |
ဆက်ခံသူ ဝဋံသိကာ |