စော်ဘွား ဟူသည့်အသုံးအနှုံးသည် ရှမ်းလူမျိုးနှင့် ကယားလူမျိုးများက ၎င်းတို့၏အကြီးအကဲအား ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ ရှမ်းစကား စော(ဝ်)ဖ မှဆင်းသက်လာသည်။ အရှင်သခင်ဟူ၍ အဓိပ္ပာယ်ရသည်။ ပုဂံခေတ်နောက်ပိုင်းတွင် ရှမ်းနယ်များပေါ်ထွန်းလာရာတွင် ၎င်းနယ်များသည် ဘုရင်တစ်ပါးတည်း၏ နိုင်ငံအဖြစ်သို့ မရောက်နိုင်ဘဲ အကွဲကွဲအပြားပြားဖြစ်ရာ နယ်ရှင်များကို စော်ဘွားဟု ခေါ်ကြသည်။ မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွား၊ သိန္နီစော်ဘွား၊ ကျိုင်းတုံစော်ဘွားစသဖြင့် မြန်မာ့သမိုင်းတွင် နေရာအတော်များများ၌တွေ့ရသည်။ နောက်ပိုင်းတွင် မြန်မာစကားအဖြစ် မွေးစားလိုက်ပြီး တိုင်းပြည်ငယ်များ၏ဘုရင်များကို စော်ဘွားဟု သုံးကြသည်။ ဥပမာအားဖြင့် အာရပ်စော်ဘွားများ၊ ဘရူနိုင်းစော်ဘွား၊ အာသံစော်ဘွား၊ မဏိပူရစော်ဘွား၊ အိန္ဒိယမဟာရာဇာစော်ဘွားများ စသည်ဖြင့် သုံးနှုန်းကြသည်။

၁၉၀၃ က ဒေလီရောက် ရှမ်းစော်ဘွားနှစ်ယောက်နှင့် မင်းသမီးများ၊ (ဘယ်ဘက်မှရေတွက်ရန်)ဆာစောချယ်၊ စဝ်နန်းဒေဝဓိတာ၊ မသိ၊ စဝ်နန်း၏ညီမ​တော်၊