စံပယ်ပန်း (ဒွေးချိုး) ကို ဦးပုည ရေးဖွဲ့ခဲ့သည်။ ဒွေးချိုး ကဗျာအမျိုးအစား ဖြစ်သည်။

စံပယ်ပန်း (ဒွေးချိုး) ပြင်ဆင်ရန်

ပန်းစံပယ်
နန်းလယ် မပေါ်ခိုက်ဟာမို့
အလိုက် တော်တန်သင့်ရုံပါ့
ခံပွင့်ကို ကုံး။

နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီ ရွေ့တယ်
တောလေ့ရွာသုံး။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ရဝေ = နန်းတော်အိမ်တော်တို့၏ အဆောင်။ မြင့်မြတ်သော တိုက်ခန်းနေရာ။

၂။ ယာယီ = အတည်အမြဲ မဟုတ်ဘဲ အခိုက်အတန့်ကာလ။

၃။ခံပွင့် = ပန်းပွင့်ဖြူကလေးများပွင့်၍ ချဥ်ဖန်သည့်အသီးငယ်များသီးသည့် ပင်ပျပ်တစ်မျိုး။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း