သာနိုးပျော်ဘွယ်ကြိုး (သာနိုးပျော်ဘွယ် ဘုန်းတော်ဘွဲ့) ၁၈၀၅ခုနှစ်ခန့်

ရေးသူ ပြင်ဆင်ရန်

မြဝတီမင်းကြီးဦးစ

စံရာတောင်ကျွန်းလုံးသူ့ ပြင်ဆင်ရန်

စံရာတောင်ကျွန်းလုံးသူ့။ ဥသျှောင်ကျင်ငယ်လေ။ မင်းမျာ့းထိပ်ခေါင်တင်။ ။

သောင်းမြေပြင်ငယ်လေ။ ထီးဆူဆူကိုလေ။ စိုးလို့ မိုးတော်မူ။ ။

ဘုန်းပန်းငယ်ကြိုင်မွှေး။ မြတ်လေးငယ်တူ။ ကြူပင်ကြူချည့်လေး။ ။

လေးကျွန်းငယ်ယူသိမ်း။ ချမ်းငြိမ်းစကြာ ပိုင်တော်မူချည့်ဘုန်းတော်ရှိန်။။

ကျေးဇူးတင်ပါသည် ပြင်ဆင်ရန်

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/