စံအိမ်ထက်က အဖြစ်အပျက် (ဝတ္ထု)

ဆမ္မားဆတ် မွမ်ရေးသားသော စာအုပ်

စံအိမ်ထက်က အဖြစ်အပျက် (အင်္ဂလိပ်: Up at the Villa) သည် အင်္ဂလိပ်စာရေးဆရာ ဝီလီယံ ဆမ္မားဆတ် မွမ် က ၁၉၄၁ ခုနှစ်တွင် ရေးသားခဲ့သည့် ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ အလွန်လှသော မိန်းမတစ်ဦးသည် မေတ္တာ၊ တဏှာတို့ကြောင့်သာမက ဂရုဏာကြောင့်လည်း အသိအကျွမ်းမဟုတ်သော ယောက်ျားကို မိမိခန္ဓာအား ပေးလိုက်နိုင်သောအချက်မှာ ဝတ္ထု၏ မူလအတွေးအခေါ်ပင် ဖြစ်သည်ဟု စာရေးသူက ဆိုထားသည်။[၁] ကြီးမား ခမ်းနားသည်များ မပါသော်လည်း လက်တင်နိုင်ငံများနှင့် အရှေ့ဘက်နိုင်ငံများတွင်ပါ လူကြိုက်များခဲ့သည်။

Up at the Villa
စာရေးသူဝီလီယံ ဆမ္မားဆတ် မွမ်
နိုင်ငံယူနိုက်တက် ကင်းဒမ်း
ဘာသာစကားအင်္ဂလိပ်
ထုတ်ဝေခြင်း၁၉၄၁ Heinemann
မီဒီယာ အမျိုးအစားပုံနှိပ်
ယခင်စာအုပ်The Mixture As Before
နောက်ထွက်စာအုပ်The Hour Before Dawn

အဓိကဇာတ်ကောင်များ ပြင်ဆင်ရန်

  • မေရီ ပန်တန် (Mary Panton)
  • ဆာ အက်ဂါ ဆွစ် (Edgar Swift)
  • ရော်လေ ဖလင့် (Rowley Flint)
  • ကား ရစ်ချတာ (Karl Richter)

မြန်မာဘာသာသို့ ပြန်ဆိုမှုများ ပြင်ဆင်ရန်

ဒဂုန်တာရာက လရောင်ရွှန်းမြ ညတစ်ည အမည်ဖြင့် မြန်မာမှု ပြုသကဲ့သို့ မောင်ပေါ်ထွန်းကလည်း ကုန်းမြင့်စံအိမ် အမည်ဖြင့် ဘာသာပြန်ဆိုသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. W. Somerset Maugham, “The Selected Novels of Somerset Maugham”, Vol. III. Heinemann, London. 1953.
  2. ပေါ်ထွန်း၊ မောင်။ “ကုန်းမြင့်စံအိမ်”။ လင်းလွန်းခင် စာပေတိုက်၊ ရန်ကုန်။ ၂၀၁၈ ဩဂုတ်။