စွယ်တော်မြတ်စေတီတော်
စွယ်တော်မြတ်စေတီတော်သည် မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁][၂]
သမိုင်း
ပြင်ဆင်ရန်ဝရဓာတုစေတိယစွယ်တော်မြတ်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်တွင် တည်ရှိသည်။ ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား ပင့်ဆောင်ပူဇော်စဉ်အတွင်း ၄၅ ရက်တိုင်တိုင် ရင်ငွေ့တော်ခိုလှုံခဲ့ပြီး ဆင့်ပွားရအပ်သော စွယ်တော်မြတ်နှစ်ဆူဖြင့် ရန်ကုန်တွင် စေတီတစ်ဆူနှင့် မန္တလေးတွင် စေတီတစ်ဆူ တည်ထားခဲ့ကြသည်။ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဝရဓာတုစေတိယစွယ်တော်မြတ်စေတီတော်ကြီးကို ထီးတော်တင်လှူ ပူဇော်ခဲ့သည်။
ရုပ်ပုံများ
ပြင်ဆင်ရန်-
စေတီတော်သို့ ဝင်ရာနေရာ
-
စေတီတော်ရှိ ရုပ်ပွားတော်တစ်ဆူ
-
စွယ်တော်မြတ်