ဆင်ချည်သောကြိုး ကြက်ချည်သော် မမြဲ၊ ကြက်ချည်သောကြိုး ဆင်ချည်သော် မခိုင်

မြန်မာစကားပုံ

ဆင်ချည်သောကြိုး ကြက်ချည်သော် မမြဲ၊ ကြက်ချည်သောကြိုး ဆင်ချည်သော် မခိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်

ပြင်ဆင်ရန်

ဆင်ချည်သော ကြိုးဖြင့် ကြက်ကို ချည်သော် ကျွတ်ရာ၏။ ကြက်ချည်သော ကြိုးဖြင့် ဆင်ကို ချည်သော် ပြတ်ရာ၏။ ထို့အတူ ဝန်နှင့်အား လျော်ကန်ခြင်းမရှိလျှင် လုပ်ငန်းချောမွေ့ အောင်မြင်ခြင်း မရှိနိုင်။ []

အရှင်မင်းကြီး၊ ဆင်ကို ချည်သော ကြိုးသည်လည်း ဆင်၏ ခြေတွင် ချည်မှ မြဲချေသည်။ ကြက်ခြေမှာ ချည်လေသော် ကျွတ်၏။ ကြက်ခြေတွင် ချည်သော ကြိုးသည်လည်း ကြက်ခြေတွင်ချည်မှ မြဲချေသည်။ ဆင်ခြေမှာ ချည်သော် ပြတ်၏။ တစ်ရပ်တစ်ရွာ အခြားအနား ဖြစ်သောကြောင့် ဆွေတော် မျိုးတော်ဖြစ်မှ သာလျှင် ထိုက်လိုက်ရာသည်။ [၁၁၄၃] ဏိပုံ။ ၇၄။

မူလရင်းမြစ်

ပြင်ဆင်ရန်
  • "ဆင်မှာဆင်ကြိုး၊ ကြက်ကြိုးကြက်သာ၊သင့်တန်စွာ၏၊" [၁၂၆၆] မဃ * ၁၈၄။

ကျမ်းကိုး

ပြင်ဆင်ရန်
  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၉။