တောင်ငူ(တောင်)သစ်ထုတ်ရေးဒေသ၊ ဆင်ဆေးရုံအား တောင်ငူခရိုင် အုတ်တွင်း မြို့နယ်၊ အုတ်တွင်းပေါက်ခေါင်းကားလမ်း၏ အရှေ့ဘက်ခပေါင်းကြိုးပြင် ကာကွယ်တောခုတ်ကွက်ကြီးအမှတ်(XVII)မှ ဧရိယာ(၆၁၇)ဧကနှင့် ဘုန်းတောင် ကြိုးဝိုင်းအကွက်အမှတ်(၃၃ မှ ၄၀၊ ၄၂၊ ၄၇) ဧရိယာ(၄၄၂၄)ဧက၊ စုစုပေါင်း (၅၀၄၁)ဧကအား သဘာဝနယ်မြေအဖြစ် သတ်မှတ်ရန်တင်ပြ၍ တည်ဆောက် ထားသည်။ ဆင်ဆေးရုံသည် တောင်ငူမြို့မှ(၃၆)မိုင်၊ အုတ်တွင်းမြို့မှ(၂၆)မိုင် ကွာဝေးပြီး၊ အုတ်တွင်းပေါက်ခေါင်း မဟာဗျူဟာလမ်းဘေး မိုင်တိုင်အမှတ် (၉၉/၆)မှ အတွင်းသို့(၃)မိုင်ခန့်သွားရောက်ရသည်။ ဆင်ဆေးရု့အား အထွေထွေ (မန်နေဂျာ) သစ်ထုတ်ရေးရုံးချုပ်၏ ကြီးကြပ်မှုဖြင့် ၂၀၁၅ ခုနှစ်၊ မေလတွင်စတင် ဆောက်လုပ်ခဲ့သည်။ ဆင်ဆေးရုံတွင် ပင်မဆေးကုသဆောင်(၁)ခု၊ အရန်ဆင် ဆေးကုသဆောင်(၁)ခု၊ ဆင်စခန်းရိပ်သာ(၁)ခု၊ ဆင်ဝန်ထမ်းနေအိမ်(၃၀)လုံး ဆောက်လုပ်ပြီးဖြစ်သည်။ ဆင်ဆေးရုံအနီးတဝိုက်နှင့်ပတ်ဝန်းကျင် တွင် ဆင် နာရုံဆင်ဝိုင်း(၁)၊ ဝန်တင်ဆင်ဝိုင်း(၂)ဝိုင်းရှိပြီး ရေ/မီးအတွက် အဝီစိတွင်း (၃)တွင်း၊ ရေကန်ကြီး(၁)ကန်၊ ရေကန်အသေး(၄)ကန်ရှိပြီး ဆင်ဝန်ထမ်း အိမ်များ ဆိုလာ စနစ်ဖြင့် မီးပေးထားသည်။ ထို့အပြင် ဆင်ဆေးရုံချောင်း တစ်ဘက် ကမ်း၌ဆင်နားနေဆောင်(၂)ဆောင်နှင့် ဆင်ဆေးရုံစာသင်ကျောင်း (၁)ကျောင်းကို ဆောက်လုပ်ပြီးဖြစ်သည်။ ဆင်ဆေးရုံ ဧရိယာအတွင်း ကျွန်းနှင့်အရိပ်ရ သစ်ပင်များ၊ နေဗီယာမြက် စိုက်ပျိုးခြင်းများ အပါအဝင် ဆင်ဆေး ကုသခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်[]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 14 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 June 2021 တွင် ပြန်စစ်ပြီး။