ဆင်တုံးမနွယ်ပင်
Fruit and seed of en:Menispermum canadense
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Ranunculales
မျိုးရင်း: Menispermaceae
မျိုးစု: Menispermum
L.
Species

See text

ဆင်တုံးမနွယ်ပင်ကို ရုက္ခဗေဒ အလိုအားဖြင့် 'တီနိုစပိုးရား ကော့ဒီဖိုးလီးယား' ဟု ခေါ်သည်။ မျိုးရင်းမှာ 'မင်နီစပါယ်မေးစီအီး' ဖြစ်သည်။ ရခိုင်လို လက်ခါးနွယ်ပင်ဟု ခေါ်သည်။ []

ပုံသဏ္ဌာန်

ပြင်ဆင်ရန်

ဆင်တုံးမနွယ်ပင်သည် အခြားအပင်များ ပေါ်သို့ နွယ်တက်တတ်သော ချုံပင်မျိုးဖြစ်သည်။ ပင်စည်သည် အရည်ရွှမ်း၏။ အခေါက်ထူ၏။ အပွင့်ဝါ၍ အသီးနီ၏။ ဖေဖော်ဝါရီလနှင့် မေလတို့အတွင်းပွင့်သည်။[]

အဖြူမျိုး ၊ အဝါမျိုး ၊ အနက်မျိုး ၃ မျိုးရှိ၏ ။ နွယ်ပင်မျိုးဖြစ်သည်။ အရည်ရွှမ်းသည်။ အခေါက် မီးခိုးနုရောင်ရှိပြီး ဖော့သားကဲ့သို့ ဖြစ်သည်။ အကိုင်းအခက်များ လေးထောင့် ပုံစံရှိ၍ မြောင်းပါသည် ။

အရွက်များ ပင်စည်မှ တစ်ရွက်ချင်း ခပ်ကျဲကျဲ ရွက် လွှဲထွက်၏ ။ နှလုံးပုံ အရွက်ဖြစ်၍ ရွက်ညှာထိပ်မှ ဖြာ၍ ထွက်သည်။ နုစဉ်တွင် စိမ်းဝါရောင်ရှိ၍ ရင့်သောအခါ အစိမ်းရင့်ပေါ်တွင် အဝါပြောက်များ ဖြစ်ပေါ်နေသည်။ ရွက်ပြားထူသည်။ အပေါ်မျက်နှာပြင် ချော၍ အဖောင်း အကြွကလေးများ ရှိပြီး အောက်မျက်နှာပြင် ကြမ်း၏ ။

နှစ်ပင်ပေါင်း လိင်စုံဖြစ်ပြီး အဝါရောင်ရှိ၍ အလွန်သေးငယ်သည်။ အဆစ်များမှ ပန်းခိုင်ထွက်သည်။ တပေါင်း မှ နယုန်လအတွင်း ပွင့်သည်။

အဝါရောင်ဖြစ်သည်။ အညှာမဲ့သည်။ ဆီးသီးခန့် ရှိသည်။ အသီးများ အပြွတ်လိုက်သီးသည်။ တပေါင်းတန်ခူးလအတွင်း သီးမှည့်သည်။

တွေ့နိုင်သောနေရာများ

ပြင်ဆင်ရန်

ဆင်တုံမနွယ်ပင်များကို မြန်မာနိုင်ငံ အရပ်ရပ်တွင် တွေ့ရသည်။ နိုင်ငံအနှံ့ စိမ့်စမ်းပေါသော တောတောင်ကြီး များတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

 
ဆင်တုံးမနွယ်ပင်၊ အသီး

အသုံးဝင်ပုံ

ပြင်ဆင်ရန်

ဆင်တုံးမနွယ်အရွက်နှင့် အခေါက်ကို အရေပြားရောဂါ၊ အဖျားရောဂါ၊ ဆစ်ဖလစ်ရောဂါတို့ကို ကုသရာ တွင် အသုံးပြုကြသည်။

မြန်မာဆေးကျမ်းများ အလိုအရ ဆင်တုံမနွယ်သည် ပူ ၊ စပ် ၊ ခါး ၊ ဖန်သောအရသာရှိ၏ ။ ခွန်အားကို ပြုတတ်၏ ။ အသက်ကို ရှည်စေ၏ ။ သွေးကို ငြိမ်းစေ၏ ။ ဝမ်းမီးကို တောက်စေ၏ ။ အစာကြေခြင်းကို ဖြစ်စေ၏ ။ အဖျား ၊ အနာ ၊ ဆီးရောဂါအမျိုးမျိုးကိုနိုင်သည်။


ပဉ္စငါးပါး

ပြင်ဆင်ရန်
  • ဆင်တုံးမနွယ်ကို သုံးခွက်တစ်ခွက်တင် ပြုတ်၍ သောက်ပါက အဆိပ်များ ပြေပျောက်၏ ။
  • ဆင်တုံးမနွယ်ကို မြင်းခွာရွက်နှင့်ရော၍ ပြုတ်ပြီး သောက်သော် နှလုံးတုန်ခြင်း ၊ စိတ်ချောက်ချား ခြင်းပျောက်၏ ။
  • ဆင်တုံးမနွယ် လက်လေးသစ်ကို ပါးပါးလှီး၍ မကြာခဏ စားသုံးပါက သွေးအန်ရောဂါ ပျောက်၏ ။
  • ဆင်တုံးမနွယ်ရွက်ကို လောက်သေရွက် ၊ အုန်းနှဲရွက် ၊ သင်္ဘော မဲဇလီရွက် ၊ ကုန်းထိကရုံးရွက်တို့နှင့် အမျှစပ်၍ လက်ဖက်ရည် အဖန်ကဲ့သို့ သောက်က အသက်ရှည်၍ အနာရောဂါ ကင်းစေနိုင်သည်။
  • ဆင်တုံးမနွယ် လေးခွက်တစ်ခွက်တင် ပြုတ်ရည်ကို သောက်ခြင်းဖြင့် နာတာရှည် အဆစ်ရောင်ရောဂါတို့အတွက်လည်း ဆေးအဖြစ်ဖော်စပ်သုံး၏ ။
  • ဆင်တုံးမနွယ်ကို လေရောဂါ ၊ သည်းခြေရောဂါ ၊ ဆီးရောဂါ ၊ မီးယပ်ရောဂါ ၊ နားကိုက်၊သလိပ်နာ၊ နာတာရှည် အဆစ်ရောင် ရောဂါတို့ အတွက်လည်း ဆေးအဖြစ် ဖော်စပ် သုံး၏။
  • ဆင်တုံးမနွယ်ကို အရည်ညှစ်၍ ကြက်သီးနွေးမျှ ပြုတ်ပြီး နား ၌ ဆေးကြောပေးပါက နားကိုက်နာဟူသမျှ ပျောက်၏ ။
  • ကျွဲ ၊နွား ၊ဆင်၊ မြင်းတို့တွင် ရောဂါဘယကင်းဝေးစေရန် အတွက် ဆင်တုံးမနွယ်ကို စင်း၍ အစာတွင် ထည့်ကျွေးပါက ဝမ်း လေကောင်း၍ ရောဂါကင်းဝေးပြီး ဝဖြိုးစေသည်။
  • ရေကီဖာနှင့်စိမ်၍သောက်ပါ

[]

  1. မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  3. http://arogyamonline.com/commodity/materials/?raw=111[လင့်ခ်သေ]