ရှင်ဉာဏာလင်္ကာရ (၁၁၆၂ - ၁၂၁+) သည် “ဆင်တဲဆရာတော်”[မှတ်စု ၁] ဟု သိကြသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၆၂ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်နေ့တွင် ပုခန်းကြီးမြို့၊ အနောက်လက် ကျည်းကန်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်သာနိုး ဖြစ်သည်။ မိဘနှစ်ပါးမှာ မောင်မြတ်စံပေါ် - ရှင်နိုး တို့ ဖြစ်သည်။

အရွယ်ရောက်သည့်အခါ “ရှင်ဉာဏာလင်္ကာရ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ပုဂံမင်းလက်ထက်တွင် ပေါက်မြိုင်မြို့စား အတွင်းဝန် မောင်မှုံက ကိုးကွယ်ခဲ့သည်။ မြို့တော်၏ မြောက်မျက်နှာရှိ ဆင်တဲတိုက်တွင်းရှိ လေးထပ်ကျောင်းတော်တွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ဉာဏာလင်္ကာရ သီရိပရမဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။[၁]

မှတ်စု ပြင်ဆင်ရန်

  1. ဆင်တဲဆရာတော် လေးပါးရှိသည်။ ရှင်ညာဏာလင်္ကာရ (၁၁၆၂ - ၁၂၁+)၊ ရှင်ဉာဏ (၁၁၀၆ - ၁၁၇၈)၊ ရှင်သာဂရ (မင်းတုန်းမင်းလက်ထက်) ဖြစ်သည်။ ရှင်ဝိမလ (မင်းတုန်းမင်း၊ သိပေါ၊ အင်္ဂလိပ်လက်ထက်) ဖြစ်သည်။ ဆင်တဲဆရာတော် ရှင်သာဂရသည် ၁၂၃၈ ခုနှစ်တွင် ဝိနည်းမဟာဝါပါဠိတော်နိသျသစ်ကို စီရင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၉။