ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ဆင်ဖြူတော်ကို ဆင်မည်းက ရင်မဆိုင်ရဲသကဲ့သို့ ဂုဏ်သိက္ခာအရှိန်အဝါ ကြီးမားသူကို ဂုဏ်သိက္ခာချို့တဲ့သူက မျက်နှာချင်း မဆိုင်ဝံ့ချေ။ [၁]

မူလရင်းမြစ် ပြင်ဆင်ရန်

  • "ဦးအောင်မြင်သည် ဗမာအမှုထမ်းများကို ထိသဖြင့် မခံချင်လှသော်လည်း ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သကဲ့သို့ ဆိတ်ငြိမ်၍ နေ၏။" [၁၃၀၂] သူရိယ၊ ၂၂၊ ၁၉။ ၇၃။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၂။