ဆင်သတ် အရပ်ဝေ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ဆင်ကို သတ်၍ အရပ်ကို ဝေသကဲ့သို့ အလွန်တန်ဖိုးကြီးမားလှသည့်အရာကို အရေးမကြီးသော ကိစ္စအတွက် အလဟဿ ဖြုန်းတီးပစ်သည်။ [၁]

မူလရင်းမြစ် ပြင်ဆင်ရန်

  • "အချို့က ဆင်ဖြူတော်မှီပြီး ကြံစုပ်ခဲ့ကြခြင်းသာ ဖြစ်ပါကြောင်း၊ ကြံစုပ်ရုံသာမက ဆင်သတ်ပြီး အရပ်ဝေဆိုသကဲ့သို့ ဖြစ်နေကြောင်း..." [၁၃၅၁] တင်းစာ၊ ၁။ ၆။
  • "အင်မတန် အဖိုးတန်ကြီးတွေ မိုက်မိုက်မဲမဲ ဖြုန်းတီးပစ်နေတာမြင်ရင် ဆင်သတ်ပြီး အရပ်ဝေသလိုပဲလို့ ကျွန်မတို့က ပုံခိုင်းကြတယ်။" [၁၃၅၁] အတွေးအမြင်၊ ၅၂။ ၁၂၀။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၄။