ဆင်ဟွာသတင်းဌာန
ဆင်ဟွာသတင်းဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရပိုင်သတင်းဌာနဖြစ်သည်။ တရုတ်ပြည်၌ အင်အားအကြီးဆုံးသတင်းဌာနဖြစ်ပြီး ကမ္ဘာအနှံ့ရှိ သတင်းကိုယ်စားလှယ်အရေအတွက်အရ အကြီးဆုံးသတင်းဌာနဟု သတ်မှတ်နိုင်သည်။[၁] နိုင်ငံတော်ကောင်စီအောက်၌ ပြည်သူ့နေ့စဉ်ကဲ့သို့ပင် ဝန်ကြီးဌာနတခုမျှ ဖွဲ့စည်းပုံကြီးသော အဖွဲ့အစည်းဖြစ်သည်။ ဌာနအကြီးအကဲမှာ တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်သည်။[၂]
ဆင်ဟွာသည် နိုင်ငံခြားအဖွဲ့ခွဲ ၁၇၀ ကျော်၊ ပြည်တွင်းအဖွဲ့ခွဲ ၃၁ ခုဖြင့် လည်ပတ်နေသည်။ ပြည်နယ်တိုင်း ဒေသတိုင်းအတွက် အဖွဲ့ခွဲတခုစီရှိပြီး တပ်အတွက်လည်း အဖွဲ့ခွဲတခုရှိသည်။ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုအစိုးရတို့နှင့် ဆက်နွယ်သောသတင်းကို အဓိကထုတ်ပြန်သောမီဒီယာဖြစ်ပြီး ရုံးချုပ်မှာ ဗဟိုအစိုးရရုံးထိုင်သော ဘေဂျင်းမြို့၌ပင် ဖြစ်သည်။ စိတ်ဓာတ်ဖျက်သတင်းလွှင့်ခြင်းကြောင့်လည်းကောင်း၊ ကွန်မြူနစ်ပါတီအား ဝေဖန်သော လူ၊ အဖွဲ့အစည်းတို့ကို မီဒီယာမှတိုက်ခိုက်လေ့ရှိသောကြောင့်လည်းကောင်း ဝေဖန်မှုခံရသော သတင်းဌာနဖြစ်လေသည်။[၃][၄][၅][၆]
သတင်းဌာနဖြစ်သည့်နည်းတူ ထုတ်ဝေရေးဌာနလည်းဖြစ်သည်။ သတင်းစာ ၂၀ ကျော်၊ မဂ္ဂဇင်း တဒါဇင်ခန့်ကို ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေနေသည်။ ပညာရှင်တို့က ဆင်ဟွာသည် ကွန်မြူနစ်ပါတီကောင်းကြောင်းကို လူတိုင်းသိစေချင်ရန် ရည်ရွယ်သည်ဟု ယူဆမှတ်ချက်ပြုလေသည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ International Media and Newspapers (2017-10-30)။ Top 200 News Agencies Worldwide။ November 9, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-10-30 တွင် ပြန်စစ်ပြီး။
- ↑ Archived copy။ December 18, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 7, 2020 တွင် ပြန်စစ်ပြီး။
- ↑ Dukalskis၊ Alexander (2021)။ Making the World Safe for Dictatorship (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Oxford University Press။ ISBN 978-0-19-752013-0။
- ↑ Molter, Vanessa (2020-06-08). "Pandemics & propaganda: how Chinese state media creates and propagates CCP coronavirus narratives" (in en-US). Harvard Kennedy School Misinformation Review 1 (3). doi: .
- ↑ Doffman၊ Zak (August 19, 2019)။ China Pays Twitter To Promote Propaganda Attacks On Hong Kong Protesters (in en)။ August 21, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-08-21 တွင် ပြန်စစ်ပြီး။
- ↑ Kan၊ Michael (August 19, 2019)။ Twitter Bans State-Sponsored Media Ads Over Hong Kong Propaganda (in en)။ August 21, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-08-21 တွင် ပြန်စစ်ပြီး။
- ↑ Brazys, Samuel (October 2020). "China’s Message Machine". Journal of Democracy Volume 31.