ဥဇ္ဇဂ္ဃိကသိက္ခာပုဒ် ၂-ပါး (ဥဇ္ဇဂ္ဃိကဝဂ်)

ကျယ်စွာရယ်ခြင်း ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ကျယ်လောင်စွာ ရယ်၍ သွားလာကြ-နေထိုင်ကြကုန်၏၊ ကျယ်စွာရယ်ခြင်းသည် ယဉ်ကျေးသောလူများ၏ အပြုအမူမဟုတ်၊ ယဉ်ကျေးသူတို့သည် ရယ်ရွှင်ဘွယ်အာရုံနှင့် ကြုံလာလျှင် သွားမဖေါ်ဘဲ၎င်း သွားဖျားပေါ်ရုံမျှ၎င်း ပြုံးကြကုန်၏၊ အသံထွက်လာလျှင်လည်း သာသာညှဉ်းညှဉ်း အသံ လောက်ထွက်စေကြကုန်၏၊ အသံကျယ်စွာ ထွက်အောင် ရယ်မောလေ့မရှိကြ၊ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ ကျယ်လောင်စွာ ရယ်မှုသည် ယဉ်ကျေးသူတို့၏ အပြုအမူမဟုတ်ရကား လူတို့က ကဲ့ရဲ့ကြသောကြောင့်... [၁]

(က) “နဥဇ္ဇဂ္ဃိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) နဥဇ္ဇဂ္ဃိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကို ဘုရားရှင်ပညတ်တော်မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

“ကျယ်စွာရယ်၍ မြို့ရွာအတွင်း၌ မသွားလာအံ့, မနေထိုင်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ အကယ်၍ ရယ်ဘွယ်အာရုံနှင့် ကြုံလာလျှင် ပြုံးရုံမျှသာ ပြုံးရမည်-ဟုမိန့်တော်မူ၏၊ “ဥ = အသံကျယ်စွာ+ဇဂ္ဃ=ရယ်ခြင်း”ကို တားမြစ်ရကား ခတ်တိုးတိုး အသံထွက်ရုံကိုကား တားမြစ်မည်မထင်။]

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး