ပတ္တသညီပဋိဂ္ဂဟဏသိက္ခာပုဒ် (ခမ္ဘကတဝဂ်)

ဟိုဟိုသည်သည် ကြည့်၍ ဆွမ်းခံမှု ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသည့် အခါ ဟိုကြည့် သည်ကြည့်နှင့် ခံယူကြကုန်၏၊ (သပိတ်၌ စိတ်မစိုက်ဘဲ တောင်ကြည့် မြောက်ကြည့် ကြည့်၍ ဆွမ်းခံရကား ဆွမ်းလောင်းနေသည်ကိုလည်း မသိလိုက်ကြ၊ ဆွမ်းလောင်း ပြီးသည်ကိုလည်း မသိလိုက်ကြ၊ ထိုသို့ နမူးထူးဖြစ်လောက်အောင် ငေးမေ့၍ ဆွမ်းခံမှုကို လူတို့ မကြည်ညိုသဖြင့် ကဲ့ရဲ့ကြသောကြောင့်-[၁]

“ပတ္တသညီ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

သပိတ်၌ အမှတ်သညာရှိသည်ဖြစ်၍ (သပိတ်၌ စိတ်စိုက်လျက်) ဆွမ်းကိုခံယူမည်”ဟု အလေ့အကျင့်ကို ပြုရမည်။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး