ဆန်ချို
ဆန်ချို သို့မဟုတ် ဆန်ချိုအေး သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရိုးရာ အဖျော်ယမကာ တမျိုးဖြစ်သည်။ ကောက်ညှင်းဆန်ကို ရေ၊ တစေးတို့ဖြင့် ပြုလုပ်သော အဖျော်ယမကာ ဖြစ်သည်။[၁] [၂]
ချက်ထားသော ကောက်ညှင်းကို တစေးနှင့် ရောနယ်ကာ ရေ ရောပြီး တစ်ရက်မှ သုံးရက်ခန့်ထိ အလုံပိတ်ထားခြင်းဖြင့် ဆန်ချိုကို ရရှိသည်။ ဖောက်ထားသည့် ဆန်ချိုကို သကြား၊ သံပရာရည်၊ ဂျင်း၊ သဖန်းသီးခြောက်၊ စပျစ်သီးခြောက်တို့ဖြင့် သောက်သုံးကြသည်။
အကျိုးကျေးဇူး
ပြင်ဆင်ရန်ဆန်ချို သောက်သုံးခြင်းဖြင့် အောက်ပါ အကျိုးများ ရစေနိုင်ပါသည်။[ကိုးကားချက်လိုသည်]
- ရေဓာတ်ဆုံးရှူံးမှုကို လျော့ကျစေခြင်း
- အာရုံကြောများလန်းဆန်းတက်ကြွခြင်း
- ကုန်ခန်းသွားတဲ့ အားအင်တွေကိုပြန်လည် ဖြည့်ဆည်းပေးခြင်း
- သဘာဝရိုးရာ နည်းလမ်းအတိုင်း ပြုလုပ်ထားတာကြောင့် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စစေခြင်းခြင်း
- မူးဝေစေသည့် ယမကာ မဟုတ်သည့်အတွက် အသက်အရွယ်မရွေး လူမျိုးဘာသာမရွေး သောက်သုံးနိုင်ခြင်း
- ကယ်လိုရီနည်းပါးသဖြင့် ကိုယ်အလေးချိန်ကျစေခြင်း [၃]
ကိုးကား
ပြင်ဆင်ရန်- ↑ အရသာကောင်းတဲ့ ဆန်ချိုအေး၊ https://www.greenwaymyanmar.com/posts/shan_food
- ↑ ကျောက်မဲဆန်ချိုအေး https://sofiafoodparadise.blogspot.com/2015/05/blog-post_81.html
- ↑ The Local Food Blog