ဆန်ရင်း နာနာဖွပ်
ဆန်ရင်း နာနာဖွပ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ဆန်ကွဲ ဆန်နုပ် ဖြစ်သွားသော ဆန်သည် ဖွပ်စရာမလို၊ ဆန်ရင်းကိုသာလျှင် ဖြူသည်ထက်ဖြူအောင် နာနာဖွပ်ရသကဲ့သို့ ဆုံးမစရာရှိလျှင် ရင်းနှီးပြီး ကောင်းဖို့အလားအလာရှိသူကို ဖိ၍ဆုံးမသည်။ [၁]
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ဆန်ရင်း ကို ရှာဖွေကြည့်ရှုပါ။
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ဆန်ကွဲ ကို ရှာဖွေကြည့်ရှုပါ။
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ဆန်နုပ် ကို ရှာဖွေကြည့်ရှုပါ။
မူလရင်းမြစ်
ပြင်ဆင်ရန်- "ဆန်ရင်း နာနာဖွပ်ဟူသကဲ့သို့ ကိုယ့်တပည့်ဖြစ်ဖူးသော မောင်သက်တင် နှလုံးလှဖို့ရာ် ဆုံးမစာပုဒ် လျင်ခုပ်တောက်တပို စပ်ဆိုတော်မူသည်မှာလည်း..." [၁၂၈၇] တိုးတက်ရေး၊ ၂၁။ ၅။
- "ဆန်ရင်းကို နာနာဖွပ်ရတယ်ဆိုတဲ့ စကားလို ကျွန်တော်တို့ထဲက ဖောက်ပြန်လာရင်တော့ သူများတကာတွေထက် ပိုပြီး ရက်ရက်စက်စက် ဆုံးမရလိမ့်မယ်။" [၁၃၁၅] ပြည်သား၊ ၃၊ ၉၅။ ၃။