ဆန်းဂျောလမ်း(三条通 さんじょうどおり sanjō dōri[]) သည် ကျိုတိုမြို့လယ်ကို အရှေ့မှ အနောက်သို့ ဖြတ်သန်းဖောက်လုပ်ထားသည့် အဓိကကျသည့် လမ်းမတစ်ခု ဖြစ်သည်။[]

သမိုင်းကြောင်း

ပြင်ဆင်ရန်

လက်ရှိဆန်းဂျောလမ်းသည် ဟဲအိအန်-ခယော၏ ဆန်းဂျောအိုးဂျိလမ်းနှင့် အတူတူပင်ဖြစ်ကာ မီတာ ၃၀ ပိုကျယ်လာသည်။ မုရိုမချိခေတ်ကာလအတွင်းတွင် ဆန်းဂျောတံတားသည် စစ်တပ်မြင်းများ လွယ်ကူစွာဖြတ်သန်းနိုင်ရန် တည်ဆောက်ခဲ့သည်။ အဲဒိုခေတ်ကာလတွင် ဆန်းဂျောတံတားသည် တိုးခိုင်ဒိုးလမ်းရှိ နားနေရာ (၅၃) ခု၏ နောက်ဆုံးနေရာလည်း ဖြစ်ခဲ့သည်။ မဲဂျိခေတ်ကာလနောက်ပိုင်းတွင် ဆန်းဂျောလမ်းမပေါ်တွင် များစွာသော အနောက်တိုင်းပုံစံအဆောက်အဦများစွာ တည်ဆောက်ခဲ့ကြပြီး လက်ရှိအချိန်အထိလည်း များစွာ ကျန်ရှိနေသေးသည်။

လက်ရှိကာလ

ပြင်ဆင်ရန်

လက်ရှိအချိန်တွင် ဆန်းဂျောလမ်သည် ဒေသခံများနှင့် ခရီးသွားများအတွက် ထင်ရှားသည့်နေရာတစ်ခု ဖြစ်လာသည်။ လမ်းတွင် ကြီးမားသည့် စတိုးဆိုင်များ၊ ဈေးဆိုင်များ၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်များအပြင် သမိုင်းဝင်အဆောက်အဦများစွာလည်း တည်ရှိနေသည်။ ဤလမ်းသည် နှစ်စဉ် ဇူလိုင်လ ၂၄ ရက်နေ့တိုင်းတွင် ကျင်းပသည့် ဂိအွန်းပွဲတော်၏ "ခန်းခိုး-ဆိုင်း" လမ်းကြောင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

အထင်ကရနေရာများ

ပြင်ဆင်ရန်

ပြင်ပလင့်များ

ပြင်ဆင်ရန်
  1. 三条通 京都通百科事典။ 7 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-06-07 တွင် ပြန်စစ်ပြီး။
  2. Oʂނ̂b--zƎqin KYOTO--JIAs။ 2019-06-07 တွင် ပြန်စစ်ပြီး။