မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဆန်းထွန်းသည် ဝဏ္ဏထွန်း၊ ပွေလီဒိုး၊ ချောချစ်ဆွိ၊ ဂျစ်ဘုံဘုံ၊ စက်ရုပ်ကလေးအောင်ဘာလေ၊ ဖိုးသား၊ ပိုးသျှား အစရှိသည့် ကာတွန်းဇာတ်ကောင်များကို ဖန်တီးခဲ့သူ ဖြစ်သည်။ အသက်၇၁နှစ်အရွယ် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့ (ကြာသပတေးနေ့) နံနက် ၁း၃၀တွင် ကွယ်လွန်သည်။

၁၉၇၀ နှင့် ၈၀ ခုနှစ်များအတွင်း ကဗျာတိုလေးများပါဝင်သည့် ဆေးရောင်စုံပို့စ်ကတ်အပါးလေးများ ရေးဆွဲခဲ့သည်။