ဆန် အန်တိုနီယို (အင်္ဂလိပ်: San Antonio) သည် အမေရိကန်၏ (၇) ခုမြောက် လူဦးရေအထူထပ်ဆုံးမြို့ ဖြစ်ပြီး အမေရိကန်တောင်ပိုင်း၏ ဒုတိယအကြီးဆုံးမြို့လည်း ဖြစ်သည်။ [၁] ၂၀၂၀ ခုစာရင်းအရ လူဦးရေ ၁,၄၃၄,၆၂၅ ယောက် နေထိုင်ပြီး တက္ကဆပ်တွင် ဒုတိယလူဦးရေအထူထပ်ဆုံးမြို့ ဖြစ်၏။ [၂] စပိန်တို့က သာသနာပြုအဖွဲ့အတွက်၎င်း၊ ကိုလိုနီစခန်းအဖြစ်၎င်း ၁၇၁၈ ခုတွင် မြို့တည်သည်။ ကိုယ်ပိုင်ပဋိညာဉ်ခံမြို့ ဖြစ်လာသည်မှာ ၁၇၃၁ ခုက ဖြစ်သည်။ ယခင်က စပိန်အင်ပါယာလက်အောက်တွင် ရှိခဲ့ပြီး နောက် မက္ကဆီကိုသမ္မတနိုင်ငံလက်အောက်ခံ ဖြစ်၏။ နိုင်ငံ၏ ရှေးအကျဆုံး မြူနီစပယ် (မြို့အုပ်ချုပ်ရေးအဖွဲ့) လည်း ရှိသည်။ မြို့တည် နှစ် (၃၀၀) ပြည့်ကို ၂၀၁၈ ခု၊ မေလ ၁ ရက်တွင် ကျင်းပခဲ့သည်။ [၃][၄][၅]

ဆန် အန်တိုနီယို ဟူသောအမည်မှာ ၁၆၉၁ ခု စပိန် နယ်မြေစူးစမ်းရေးအဖွဲ့တွင် ပါဝင်ခဲ့သော ပါဒူအာမှ ဘုန်းတော်ကြီး စိန့် အန်တိုနီ (Saint Antony of Padua) ကို ဂုဏ်ပြုခေါ်ဝေါ်ခြင်း ဖြစ်သည်။ [၆][၇] ၁၈ ရာစုတွင် စပိန်တို့စေလွှတ်သော ပြည်ပသာသနာပြုအဖွဲ့ ၅ ဖွဲ့တွင် ဤမြို့လည်း ပါ၏။ သာသနာပြုအဖွဲ့နေခဲ့သော အယ်လာမို (The Alamo) ခေါ် ခံတပ်ငယ်နှင့် သမိုင်းဝင်အမျိုးသားဥယျာဉ်တို့ကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ၂၀၁၅ ခုက သွင်း၏။ [၈]

ကိုးကား ပြင်ဆင်ရန်

  1. "San Antonio Was The First Southern City to integrate lunch counters". Express News.
  2. "QuickFacts: San Antonio city, Texas". United States Census Bureau.
  3. "San Fernando de Bexar". Texas State Historical Association.
  4. "The First Civil Settlement in Texas". Guerra, Mary Ann Noonan. Excerpted from The San Antonio River (The Alamo Press, San Antonio: 1987).
  5. "SA300 Tricentennial - Celebrating San Antonio for 300 Years". sanantonio300.org.
  6. "St. Anthony of Padua - Saints & Angels". Catholic Online.
  7. "Saint Anthony of Padua | Franciscan Media". www.franciscanmedia.org.
  8. Mach, Andrew (July 5, 2015). "San Antonio Missions among new UNESCO World Heritage Sites". PBS.