ဆန် အီနာရှို မီနီ သည် စပိန် ကိုလိုနီခေတ်ကာလာ အတွင်း အမေရိကားတိုက်ရှိ စပိန်ကိုလိုနီနယ်ချဲ့သူတို့ ပါရာဂွေးပြည်နယ်ဟု ခေါ်ဆိုသော နေရာတွင် ၁၆၁၀ ခုနှစ်၌ တည်ထောင်ခဲ့သော ခရစ်ယာန် သာသနာပြု မစ်ရှင်တစ်ခု ဖြစ်သော်လည်း ၁၆၃၂ ခုနှစ်အထိ စတင်လည်ပတ်ခြင်း မရှိခဲ့ပေ။ ထိုနေရာသည် ယနေ့ခေတ် အာဂျင်တီးနားနိုင်ငံ မစ်ဆီယိုးနေ့စ်ပြည်နယ် ပိုဆာဒတ်စ် မြို့၏ မြောက်ဘက် ၆၀ ကီလိုမီတာ အကွာရှိ ဆန် အီနာရှို တောင်ကြားတွင် တည်ရှိသည်။ ၁၉၈၄ ခုနှစ်တွင် ဆန်အီနာရှို မီနီသည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခြင်း ခံရသော အာဂျင်တီနားရှိ အင်ဒီးယန်းတို့ အခြေချနေထိုင်ရာ နေရာ ၄ ခု ထဲမှ တစ်ခု ဖြစ်သည်။[၁]

ဂွါရာနီလူမျိုး တို့၏ ဂျေရှုမစ်ရှင် ။ ဆန် အီနာရှို မီနီဆန်တာ အားနားနူအက်စတာ ဆီညော်ရာ ဒီ လော်ရယ်တို နှင့် ဆန်တာ မာရီယာ မေယာ (အာဂျင်တီးနား) ၊ ဆော မီဂရော ဒက် မစ်ဆွိုင်း ရှိ အပျက်အစီးများ (ဘရာဇီး)*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အာဂျင်တီးနား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iv
ကိုးကား ၂၇၅
ဒေသ** လက်တင်အမေရိက နှင့် ကာရစ်ဘီယံ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကိုးကား ပြင်ဆင်ရန်