ဆမ်ဘယ်သည် ငရုတ်သီးတောင်း သို့မဟုတ် ဆော့စ်တစ်မျိုးဖြစ်ပြီး ငရုတ်သီးတောင့်မျိုးစုံဖြင့် ပြုလုပ်လေ့ရှိကာ ဒုတိယအမယ်များအဖြစ် ငါးပိကြက်သွန်ဖြူဂျင်းကြက်သွန်နီကလေး၊ အုန်းသကြားနှင့် သံပရာရည်တို့ပါဝင်သည်။ ဆမ်ဘယ်သည် ဂျာဗားနှင့် ဆွန်ဒန်ဘာသာစကားမှ ယူထားသော အင်ဒိုနီးရှားစကားလုံးဖြစ်သည်။[၁][၃] မူလအစမှာ အင်ဒိုနီးရှား ရိုးရာချက်ပြုနည်းများမှ ဖြစ်သော်လည်း မလေးရှားသီရိလင်္ကာဘရူနိုင်းနှင့် စင်ကာပူ အစားအစာတို့တွင် အရေးပါသော အမယ်တစ်ခုအဖြစ် ပါဝင်သည်။[၄] အင်ဒိုနီးရှားလူမျိုးများ ပျံ့နှံတည်ရှိရာ နိုင်ငံရပ်ခြားဒေသများသော နယ်သာလန်နှင့် ဆူရီနမ်တို့တွင်လည်း စားသုံးကြသည်။[၅]

Sambal
ငရုတ်ဆုံထဲတွင် ကြက်သွန်ဖြူ၊ သံပရာသီးနှင့် တည့်ခင်းထားသော ရိုးရာ ဆမ်ဘယ် တီရာဆီ
အဓိကသုံးဆောင်မှုအရံဟင်း သို့မဟုတ် အစပ်အဟပ်တည့်စေရန် အစားအစာ
မူရင်းနိုင်ငံအင်ဒိုနီးရှားနိုင်ငံ[၁][၂]
ဒေသဂျားဗားကျွန်း
ဆက်နွယ်သောအမျိုးသားအစားအစာအင်ဒိုနီးရှားမလေးရှားသီရိလင်္ကာဘရူနိုင်းစင်္ကာပူနယ်သာလန်နှင့် ဆူရီနမ်
သုံးဆောင် အပူချိန်အခန်းတွင်းအပူချိန်
အဓိက ပါဝင်ပစ္စည်းကြက်သွန်နီကလေးကြက်သွန်ဖြူငါးပိနှင့် ငရုတ်သီးထောင်း
Cookbook: Sambal  Media: Sambal

ဆမ်ဘယ် ပြုလုပ်နည်း အမျိုးမျိုးရှိပြီး လာလက်(ဟင်းသီးဟင်းရွက်စိမ်း)၊ အီကန် ဘာကာ(ငါးကင်)၊ အီကန် ဂိုရင်း(ငါးကြော်)၊ အာယမ် ဂိုရင်း(ကြက်သားကြော်)၊ အာယမ် ပီညက်(ကြက်သားထောင်း)၊ အီဂါ ပီညက်(နံရိုး)နှင့် အမျိုးမျိုးသော ဆိုတိုဟင်းချိုများကဲ့သို့သော ဟင်းလျာများတွင် အပူအစပ်အတွက် လိုအပ်သလို ထည့်စားကြသည်။[၆] အင်ဒိုနီးရှားတွင် ဆမ်ဘယ်မျိုးကွဲပေါင်း ၂၁၂ မျိုးရှိပြီး[၇] အများစုမှ ဂျာဗားကျွန်းမှ ဖြစ်သည်။


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Sri Nardiati (1993)။ Kamus bahasa Jawa-bahasa Indonesia။ Jakarta, Indonesia: Pusat Pembinaan dan Pengembangan Bahasa, Departemen Pendidikan dan Kebudayaan။ ISBN 9794593818
  2. Media၊ Kompas Cyber။ Sejak Kapan Masyarakat Indonesia Mengonsumsi Sambal? (in id)။ ၂၅ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. Faldela Williams (1988)။ Cape Malay Cookbook။ Struik။ p. 58။ ISBN 9781868255603[လင့်ခ်သေ]
  4. The big chilli sauce guide: how to tell your sriracha from adobo။ ၂၅ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. Sejarah Sambal Khas Nusantara, Ada Sejak Abad ke-10 hingga Digemari Orang Belanda။ (Indonesian)
  6. Heinz Von Holzen; Lother Arsana (2015)။ The Food of Indonesia: Delicious Recipes from Bali, Java and the Spice Islands, Periplus world cookbooks။ Tuttle Publishing။ ISBN 9781462914913
  7. Ada 212 Jenis Sambal di Indonesia, Berasal Dari Mana Sajakah? – Semua Halaman – Nationalgeographic.grid.id (in id)။ ၂၅ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။