ဆရာက (စာပေဗိမာန်) သည် မုံရွာခရိုင်၊ ပုလဲမြို့၊ မြကုန်းရွာတွင် အဖ ဦးရွှေညွန့်၊ အမိ ဒေါ်လေးမယ် တို့မှ မြန်မာသက္ကရာဇ် ၁၂၇၀-ပြည့်နှစ်၊ ကဆုန်လဆန်း (၈)ရက်၌ မွေးဖွားသည်။ ၁၉၅၂-ခုနှစ်မှ စ၍ သင့်ဘဝ မဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားခဲ့ပြီး အကြံပေးအယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ တန်ခိုးကြီးသော ဂမုန်းပင်များ စာအုပ်ကို ပထမတွဲ၊ ဒုတိယတွဲ ရေးသားခဲ့ပြီး တတိယအကြိမ်အထိ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ စာပေဗိမာန် အရောင်းဋ္ဌာနခွဲ၌ စာရေးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၆-ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ကလောင်အမည်များမှာ ဆရာက (စာပေဗိမာန်)၊ သီရိမောင်၊ ဆရာကြီးဟူးရားဖြူ၊ ဖိုးသာအောင်(စာပေဗိမာန်)တို့ ဖြစ်ကြပြီး သင့်ဘဝ မဂ္ဂဇင်း၊ ဘားမားဒိုင်ဂျက်နှင့် သွေးသောက်မဂ္ဂဇင်းတို့တွင် ၁၉၈၆-ခုနှစ်အထိ ဆောင်းပါးများရေးသားခဲ့သည်။ ဇနီးမှာ စာရေးဆရာမကြီး ခင်မေညွန့် (ဒေါ်ခင်မေညွန့်) ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၆၀-ပြည့်နှစ်တွင် ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. တန်ခိုးကြီးသော ဂမုန်းပင်များ စာအုပ်မှ၊ နောက်ကျောဖုံး