ဆရာဘီ(၁၂၃၅ - ၁၃၁၂) သည် ထင်ရှားသည့် ပါဠိပညာရှင်တစ်ဦး ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာဘီကို ၁၂၃၅ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ကြာသပတေးနေ့တွင် ပြည်မြို့အနီး၊ ဆင်မြီးဆွဲရွာတွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးရွှေဝင်းနှင့်ဇနီး ဖြစ်သည်။

ငယ်စဉ်အခါက ရှင်သာမဏေ ဝတ်ခဲ့ပြီး စလင်းမြို့ မင်းကြီးဆရာတော် ဦးလှဲ့ထံတွင် ပညာဆည်းပူးခဲ့သည်။ ဆရာဖြစ်သူနှင့်အတူ လို်က်ပါနေရာမှ ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ဘွဲ့အမည်မှာ “ဦးဏ္ဍိစ္စ” ဖြစ်သည်။

ရဟန်း ၁၀-ဝါ အရတွင် စလင်းကံကြောင်ကျောင်းတွင် ကျောင်းထိုင်ခဲ့သည်။ ဝါ ၂၀ အရတွင် ဒေးဒရဲမြို့သို့ ရောက်ခဲ့သည်။ ဒေးဒရဲတွင် ဘုရားကြီးတိုက်ကို ကံကြောင်ကျောင်းဟု သမုတ်၍ သီတင်းသုံးကာ စာပေများ ပို့ချဲ့သည်။ ဆရာတော်သည် ဝါတော် ၃၀ အရတွင် လူဝတ်လဲခဲ့သည်။ လူဝတ်လဲပြီး သုံးနှစ်အကြာတွင် ကျောက်တန်းသုံးခွ ဣဿရရွာသူ ဒေါ်ဆိတ်နှင့် အိမ်ထောင်ပြုခဲ့သည်။ ထို့နောက် ရန်ကုန်မြို့၊ ပိဋကတ်တိုက်တွင် ပါဠိဆရာအဖြစ်ဖြင့် ပိဋကတ်ကျမ်းများ ပုံနှိပ်ရာတွင် ကြပ်မတ်ဆောင်ရွက်ခဲ့သည်။ ထို့နောက်တွင် ထိုအလုပ်မှ ထွက်ပြီး အစိုးရစာပြန်ပွဲများတွင် စာစ်ဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ [၁]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

ဆရာဘီသည် ၁၃၁၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ [၁]

စာပေကျမ်များ ပြုစုခြင်း ပြင်ဆင်ရန်

ဆရဘီသည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ သုသောဓိတရာဇဝင် (ပ၊ ဒု၊ တ၊ စ၊ မ၊ ဆ)။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၇၃၊ ၂၇၄။