ဆရာမပြ နည်းမကျ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ဆရာက လက်ထပ်သင်ကြား မပေးလျှင် လက်ရေးလက်သား နည်းမကျသကဲ့သို့ အတွေ့အကြုံရှိသူ ကျွမ်းကျင်သူက စနစ်တကျ ပြသပေးခြင်း မရှိလျှင် နည်းလမ်းမကျန ဖြစ်သည်။ [၁]

မူလရင်းမြစ် ပြင်ဆင်ရန်

  • "ဆရာမပြ နည်းမကျတဲ့၊ ငါးပိဖုတ်ကင်တာတောင် ဆရာမပြရင် အခက်သားကလား။" [၁၂၉၃] မဟာဆန်။ ၁၅။

အခြားအသုံးနှုန်း ပြင်ဆင်ရန်

  • ငါးပိဖုတ်တောင် ဆရာမပြ နည်းမကျ
  • ဆရာမပြ ငါးပိဖုတ်တောင် နည်းမကျ ဟူ၍လည်း အသုံးရှိသည်။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၅။