ဆရာမြို့ (၁၂၃၇ - ၁၂၉၈) သည် ပိဋကတ်ဘာသာပြန် ဓမ္မကထိကပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာမြို့ကို ၁၂၃၇ ခုနှစ်၊တပေါင်းလတွင် ရွှေကျင်မြို့၌ ဖွားမြင်ခဲ့သည်။

ငယ်စဉ်အခါက ရွှေကျင်မြို့၊ ရွှေတောင်ဦးစေတီအနီး မန္တလေးကျောင်းဆရာတော်ထံတွင် စာပေများသင်ကြားခဲ့ပြီး သာသနာ့ဘောင်သို့ တက်ရောက်ခဲ့သည်။ ထို့နောက်တွင် ညောင်လေးပင်တောရနှင့် မန္တလေးမြို့များတွင် စာပေများ ဆက်လက်ကာ သင်ကြားခဲ့သည်။ ၈ ဝါရသည့်အခါ ရွှေကျင်မြို့၌ ရွှေဂူချောင်အမည်ဖြင့် စာသင်တိုက် ဖွင့်ခဲ့သည်။

၁၂၆၅ ခုနှစ်တွင် လယ်တီဆရာတော်ထံတွင် တပည့်ခံ၍ တရားဟောပြောခဲ့သည်။ ၁၂၆၈ ခုနှစ်တွင် ရန်ကုန်မြို့၌ ဓမ္မသာဝနအသင်းနှင့် ဗုဒ္ဓဘာသာသာသနာပြု စာပုံနှိပ်တိုက်ကို တည်ထောင်ခဲ့သည်။ လူဝတ်လဲပြီး၁၂၈၂ ခုနှစ်တွင် မော်လမြိုင်မြို့ ကတိုးကော့နှပ်သူဌေးကြီး ဦးရွှေလှေး၏ အထောက်အပံ့ဖြင့် ပိဋကတ်သုံးပုံကို ဘာသာပြန်ရာ ၁၁ နှစ်အတွင်း ကျမ်ပေါင်း ၃၀ ကျော် ပြီးခဲ့သည်။ ဆရာမြို့သည် ဝေလမင်းသားဆုငွေ ၁၀၀၀ နှင့် အိန္ဒိယဘုရင်ခံချုပ်၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့များ ချီးမြှင့်ခြင်း ခံခဲ့ရသည်။ [၁]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

ဆရာမြို့သည် ၁၂၉၈ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက် (၅-၄-၃၇) နေ့တွင် ကွယ်လွန်ခဲ့သသည်။ ဆရာသည် ကွယ်လွန်ချိန်တွင် ဇနီးသုံးဆက် အိမ်ထောင်ပြုခဲ့သည်။ [၁]

ကျမ်းများ ပြုစုခြင်း ပြင်ဆင်ရန်

ဆရာသည် အောက်ပါကျမ်းများကို ရေးသားပြုစုခဲ့သည်။

၁။ ပိဋကတ်တော်မြန်မာပြန်များ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၇၈၊ ၂၇၉။