[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် လာဘ, သက္ကာရ, သိလောကသည် အရေပါး, အရေထူ၊ အသား, အကြော, အရိုးတို့ကို အဆင့်ဆင့် ဖြတ်တောက်၍ ရိုးတွင်းခြင်ဆီ ထိအောင် တည်နေ၏။ လာဘ သက္ကာရ သိလောကသည် သို့ကလောက် ကြမ်းကြုတ်လှ၏။ ထို့ကြောင့် “ဖြစ်ပေါ်ပြီးသော လာဘ သက္ကာရ သိလောကကို ပယ်စွန့်တော့အံ့၊ မဖြစ်ပေါ်သေးသော လာဘ သက္ကာရ သိလောကသည် ကုသိုလ်စိတ်ကိုကုန်စေ၍ မတည်စေနိုင်လိမ့်အံ့”ဟု ဤသို့သာ သင်တို့ ကျင့်သုံးကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ လာဘ သက္ကာရ သိလောကသည် ငရဲအစရှိသည်တို့၌ ကျရောက်စေပြီး အတ္တဘောတစ်ခုလုံးကို ပျက်စီးစေနိုင်၊ ဤဘဝ၌လည်း မရဏ, မရဏမတ္တ ဒုက္ခသို့ရောက်အောင် ပို့ဆောင်နိုင်ပုံကို ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၄၃၃။ သံ၊မြန်၊၁၊၄၂၂။ သံ၊ဋ္ဌ၊၂၊၁၉၄။ သံ၊ဋီ၊၂၊၁၇၇။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၆-လာဘသက္ကာရသံယုတ္တ၊ တတိယဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ

[