ဆာလုဂရကျောင်းတော် သည် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ Siliguri မြို့၏ မြို့စွန်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။[၁]ကျောင်းတော်သည် မြို့မှ ၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ကျောင်းတော်ကို တိဘက်ရဟန်းများနှင့် ဒလိုင်းလားမား၏ နောက်ပါတပည့်များက တည်ဆောက်ခဲ့သည်။

Great International Tashi Gomang Stupa monastery founded by Kalu Rinpoche at Salugara, West Bengal, India

ကျောင်းတော်အပေါ်တွင် ပေ ၁၀၀ ဉာဏ်တော်အမြင့်ရှိသည့် စေတီကိုလည်း တည်ထားသည်။ ထိုစေတီကို Tibetan Lama, Kalu Rinpoche က တည်ခဲ့သည်ဟု ယုံကြည်ရသည်။ စေတီတော်သည် ရဟန်းများက ယူဆောင်လာခဲ့သည့် ဗုဒ္ဓဘာသာဆိုင်ရာ ဓာတ်တော် ငါးခုကြောင့် အထူးအမြတ်ထားခြင်း ခံရသည်။

ကိုးကား ပြင်ဆင်ရန်

  1. Bagpack and soak in (2018-07-01)။