ဆာ့ခ်ဗဟာဒူးရွိုင်း၊ (အောင်ဆန်းသူရိယ)

AST Saft.jpg

ဆာ့ခ်ဗဟာ ဒူးရွိုင်း (ကြည်း ၀၁၉၁၄) သည် အောင်ဆန်းသူရိယဘွဲ့ ရရှိသော ဂေါ်ရခါးလူမျိုး စစ်သည်တော် တစ်ဦး ဖြစ်သည်။ သူသည် တာချီလိတ် အဝေးပြေး လမ်းမပေါ်တွင် တရုတ်ဖြူ ကူမင်တန်တို့နှင့် တိုက်ခိုက်ရာတွင် မိမိ အသက်ကို ပဓာန မထားဘဲ အသက်စွန့် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်၏ အမြင့်မားဆုံးသော ဘွဲ့တံဆိပ် တစ်ခု ဖြစ်သည့် အောင်ဆန်း သူရိယ ဘွဲ့ဖြင့် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်းပြင်ဆင်

၁၉၅၀ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့က ခြေလျင်တပ်ရင်း ၄-မှ “ဒီ” ကုမ္ပဏီတပ်ခွဲကို ရှေ့သို့ချီတက်ရန် အမိန့်ပေးသည့်အတိုင်း ရှမ်းပြည်နယ် ကျိုင်းတုံအပိုင်း တာလေးမှ ပန်ခိဟက်သို့ ချီတက်သည်။ ပန်ခိဟက်သို့ ရောက်သောအခါ တရုတ်အမျိုးသား (ချန်ကေရှိတ်အစိုးရ၏ တရုတ်ဖြူစစ်တပ်) စစ်တပ်သားတို့၏ ဝိုင်းဝန်းခြင်းကို ခံရသည်။ ကုမ္ပဏီတပ်ခွဲဗိုလ်သည် မိမိတပ်ရင်းမှ တပ်သားများကို ခေါ်ရန်ပြန်လာစဉ် လမ်းခရီးတွင် များပြားသော ရန်သူတို့က ချောင်းမြောင်း၍ ပစ်ခတ်သဖြင့် အသက်လွတ်ရုံ ခက်ခဲစွာနှင့် လွတ်မြောက်လာသည်။ “ဒီ” ကုမ္ပဏီတပ်ခွဲမှာ တပ်ရင်းနှင့် အဆက်ပြတ်သော အခြေအနေသို့ ဆိုက်ရောက်ရသည်။

၎င်းအခြေအနေတွင် “ဒီ”ကုမ္ပဏီတပ်ခွဲအတွက် စားနပ်ရိက္ခာများကို တင်ဆောင်လာသော မော်တော် ထရပ်ကား (၇)စီးကို တပ်သား ဆပ်ဘဟားဒူးရွိုင်းက ကြီးကြပ်ကြည့်ရူထားရန် တာဝန်ကျသည်။ တရုတ်စစ်သားများက ကုမ္ပဏီတပ်ခွဲဗိုလ်ကို ချောင်းမြောင်း၍ ပစ်ခတ်ကြသောအခါ ရဲဘော်ဒူးရွိုင်း ကြီးကြပ်ရသော မော်တော်ကားများမှ ကိုက် (၅၀ဝ) ခန့် ဝေးသော အနေအထားဖြစ်သည်။

မော်တော်ကားများကို မောင်းနှင်သော အရပ်သား ဒရိုင်ဘာတို့သည် မော်တော်ကားများကို ရပ်၍ ထွက်ပြေးသွားကြသည်။ တပ်သား ဆပ်ဘဟား ဒူးရွိုင်းသည် မိမိ တယောက်တည်း ကျန်ရစ်ခဲ့သော်လည်း ဇူလိုင်လ ၁၇- ရက်နေ့ နံနက် ၁၁- နာရီကစ၍ ထရပ်ကားများ ကို စောင့်ရှောက်နေသည်။ ညဉ့်အမှောင်တွင် တရုတ်ဖြူစစ်သားများက ထရပ်ကားများကို သိမ်းဆည်းရန် အကြိမ်ကြိမ် များစွာ အားထုတ်ခဲ့ကြသည်။ မိမိတယောက်တည်း ပြန်လှန်ပစ်ခတ်၍ ခုခံခဲ့သည်။

စွက်(က်) ဗဟာဒူးရိုင်းသည် ယခင်ကလည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် စစ်သေနာပတိချုပ်က သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။

သူ၏ လုပ်ရည်ကိုင်ရည်၊ ဖြတ်ထိုးဉာဏ်နှင့်ရဲစွမ်းသတ္တိသည် မြန်မာတင်မက ကမ္ဘာမှာပါစံတင်လောက်ပေသည်။ စွပ်ဗဟာဒူးရိုင်းဟုဆိုသည်နှင့် ရန်သူတစ်ရာကျော်အလောင်းများ၏အလယ်တွင် ဘရင်းဂန်းကိုင်ပြီး ကျဆုံးနေသည့် စစ်သူကြီး တစ်ဦးအဖြစ်သာမြင်ယောင်မိပါတော့သည်။ အမှန်စင်စစ်တော့ သူသည် စစ်သူကြီးတဦးမဟုတ်ခဲ့သလို အရာရှိ တစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး။ မြန်မာ့တပ်မတော်မှ သာမာန် ရဲဘော်လေးတစ်ယောက်သာ။ ဖြစ်စဉ်မှာ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင် တပ်ရင်း၏ (ဃ) တပ်ခွဲ သည် ရှမ်းပြည်တောင်ပိုင်း တာလေမှ ပန် ခီသို့ချီတက်စဉ် အင်အားအဆ မတန်များပြားသော ရန်သူတရုတ် ဖြူသောင်းကျန်းသူများ နှင့်တွေ့ဆုံ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။ ရန်သူမှ အလစ်အငိုက်ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် မိမိတပ်မှ ပါ လာသည့် စစ်ကားခုနှစ် စီးပေါ်ရှိ စစ်သည် အားလုံးနီးပါး ကျဆုံးခဲ့ ရသည်။

ထိုအချိန်၊ ထိုအခြေအနေဝယ် အသက်ရှင် ကျန်သူတဦး မှာ စွတ်ဗဟာဒူးရိုင်းပင်ဖြစ်လေတော့သည်။ သူသာ ကျဆုံးခဲ့ ပါလျှင် တပ်မတော်ပိုင်ရိက္ခာ၊ယာဉ်၊လက်နက်များ အားလုံး ရန်သူ့လက်အတွင်းသို့ ကျရောက်မည်မှာ မလွဲဧကန် ပင်။ အင်အားခြင်း မမျှသည့် ရန်သူအား ပြန်တိုက်ခိုက်လျှင်လည်း နိုင် ရန်ရာခိုင်နှုန်း နည်းလွန်းလှသည်။ ထွက်ပြေးလျှင် အသက်ဘေးမှ လွတ်မြောက်နိုင်သော်ငြားလည်း သူ၏ ဆုံးဖြတ်ချက်က ပြတ်သား လွန်းလှသည်။ သူသေမှ တပ်ပိုင် ယာဉ်၊ ရိက္ခာ၊ လက်နက်များကို ရန်သူတို့ ရစေ့ မည်ဟု သန္နိဌာန်ချကာ ကားပေါ်တွင် ပါလာသောသေနတ်များကို အောက်သို့ ဆွဲချသည်။

ပြီးနောက် ထို သေနတ်များကို ရင်ဘောင် တန်းဖြန့်ခင်းပြီးနောက် ဆက်သွယ်ရေးစက်ဖြင့် နောက်တန်းသို့ အကြောင်းကြား သည် ။ ပြီးသည်နှင့် သေနတ်များဖြန့်ခင်းထား ရာနေရာ၏ တဖက်ထိပ်မှစပြီး သေနတ်ကိုပစ်လေတော့သည်။ သေနတ်ပစ်နေရင်းမှလည်း သူ၏နှုတ်မှ….. ” ဘယ်ဘက်ကပစ်ဟေ့” ဟု အော်ဟစ်ကာ ညာဘက်သို့ ပြေး ပြန်သည်။ ထို့နောက် ညာဘက်သို့ ပြေးပြန်ကာ ” ညာဘက်က ပစ်ဟေ့” ဟူ၍ ထပ်မံအော်ဟစ်ပြီး အလယ်မှ လက်ပစ်ဗုံးထပ် ပစ်လေသည်။

မြန်မာ့တပ်မတော်ကွ မင်းတို့လူအင်အားလောက်တော့မမှုဘူး” သူတစ်ဦးတည်း တောင်ပြေးလိုက် ပစ်လိုက်၊ အော်လိုက်၊ မြောက် ပြေးလိုက် ပစ်လိုက်အော်လိုက်လုပ်ကာ တဖက်ရန်သူတပ်များ အား မိမိတို့ထံတွင် ရန်သူအား ခုခံတိုက်ခိုက်ရန် အင်အားရှိနေ သေးဟန်ဖြင့် စိတ်ဓာတ်ရေးရာအရပါ စစ်ကစားခဲ့လေသည်။ ရန်သူတပ်များသည်လည်း မြန်မာ့တပ်မတော်မှာ အင်အားအ မြောက်အများ ကျန်ရှိနေသေးသည်ဟု မှတ်ထင်ကာ အနီးကပ် ချေမှုန်းရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

နောက်တနေ့ နံနက် ၉ နာရီတွင် “ဒီ”ကုမ္ပဏီတပ်ခွဲကို ကူညီရန်ရောက်လာသော “စီ” ကုမ္ပဏီ တပ်ခွဲ ချီတက်ရောက်ရှိလာသောအခါ တပ်သားဆပ်ဘဟားဒူးရွိုင်းသည် တယောက်တည်းဖြင့် အရှေ့ဆုံးရှိ ထရပ်ကားအောက်တွင် လက်ကျန် ကျည်ဆန်ယမ်းတောင့် ၁၇- တောင့်ဖြင့် တရုတ်ဖြူ စစ်သားများကို ခုခံပစ်ခတ်နေသည်ကို တွေ့ရှိရသည်။

“စီ”ကုမ္ပဏီတပ်ခွဲ ကူညီရန် ချီတက်ရောက်ရှိလာသော ၁၉၅၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် မိမိတို့တပ်အးအားထက် အဆပေါင်းများစွာ များပြားသော တရုတ်ဖြူ စစ်သားတို့က ပြင်းထန်စွာ ဆီးကြိုပစ်ခတ်ခြင်းကို ခံရလေသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း မိမိ၏ တပ်စိတ်မှ ခွဲဗိုလ်၊ တပ်ကြပ်ကြီးနှင့် တပ်ကြပ်ကလေးတို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိကြသည့်အပြင် ဘရင်းဂန်း စက်သေနတ်ကိုင် တပ်သားလေး နှစ်ယောက်မှာ ကျဆုံးသွားသည်။ ထိုအခါ ရဲဘော် ဆပ်ဘဟား ဒူးရွိုင်းသည် မိမိခုခံနေရာမှ ထွက်ခွာလျက် ချီတက်လာသော တရုတ်ဖြူစစ်သား အတွင်းသို့ တဦးတည်း ထိုးဖောက်ရန် အပြင်းအထန် ကြိုးစားတော့သည်။

သုံးကြိမ်တိုင်တိုင် ချီတက်လာသော တရုတ်ဖြူစစ်သားများ တပ်လန်သွားအောင် အသက်ကို ပဓာန မထားပဲ ဇွတ်အတင်း ထိုးဖောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်စဉ်အတွင်း ရဲဘော် ဆပ်ဘဟားဒူးရွိုင်းတယောက် နောက်ဖက်ရှိ မိခင် တပ်စုသို့ ပြန်မရောက်လာတော့ပေ။

စွတ်ဗဟာဒူး ရိုင်းသည် မမော နိုင်မပန်းနိုင် ပစ်လိုက်အော်လိုက်ပြုရင်းဖြင့် တဖက်ရန်သူများအား ဆက်လက်ရင်ဆိုင် တိုက်ခိုက် နေခဲ့လေသည်။ ရန်သူမှာလည်း စွတ်ဗဟာဒူးရိုင်းအား တက်ရောက်ချေမှုန်းနိုင်ရန် ရဲစွမ်းသတ္တိ မရှိလေသော ကြောင့် အကျဆုံးများနေချိန်ဝယ် မြန်မာ့ တပ်မတော်မှ စစ်ကူများရောက်လာခဲ့ ပါတော့သည်။ သို့သော် တပ်သား စွတ်ဗဟာဒူးရိုင်းကတော့ ရန်သူတစ်ရာကျော် အလောင်းများ၏ အရှေ့တွင် ဘရင်းဂန်းသေနတ်ကို ကျစ်ကျစ်ပါ အောင်ပိုက် လျက် ထရပ်ကားကိုမှီရင်း ကျဆုံးနေခဲ့ပါပြီ။

၁၉၅၀ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်တွင် ရန်သူ တရုတ်ဖြူတပ်များ ဝိုင်းရံမှု မရှိတော့သည့်အတွက် ဒဏ်ရာရရှိနေသော ရဲဘော်များက ရဲဘော် ဆပ်ဘဟားဒူးရွိုင်းကို လိုက်လံ ရှာဖွေ ခဲ့ကြသည်။

တောင်ကုန်းတခု၏ နောက်ကျောတွင် ရန်သူ တရုတ်ဖြူစစ်သား အများအပြား ကျဆုံးနေသည့် တွေ့ရသဖြင့် အလောင်းပုံများကြား ဝင်ရောက် ရှာဖွေသော် အခါ တရုတ်ဖြူစစ်သား အလောင်း တရာကျော်အလယ်တွင် လက်ပစ်ဗုံး ထိမှန်ထားသော ဒဏ်ရာဖြင့် ကျဆုံးနေသော ရဲဘော်ဆပ်ဘဟားဒူးရွိုင်း၏ အလောင်းကို ကြေကွဲဖွယ် တွေ့မြင်ရသည်။

ရဲဘော် ဆပ်ဘဟားဒူးရွိုင်း၏ မိမိတပ်ခွဲ၏ အဓိက တာဝန်ဖြစ်သော ရိက္ခာယာဉ်တန်းကို တာဝန်ကျေပွန်စွာ စောင့်ရှောက်နိုင်ခြင်း၊ တပ်ကူရောက်လာပြီးမှ ဝိုင်းရံပိတ်ဆို့ခြင်းခံနေရသော ဒဏ်ရာရ မိမိတပ်ဖွဲ့ဝင်များအား အာရုံစိုက်တိုက်ခိုက်နေသော ရန်သူတရုတ်ဖြူ စစ်သားများကို အသေခံ ထိုးဖောက် တိုက်ခိုက်ခြင်းစသော သူရသတ္တိနှင့်ပြည့်စုံခဲ့ပါသည်။ ထို့ကြောင့် ကျဆုံးရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား နိုင်ငံတော်၏ အဆင့်မြင့် သူရဲကောင်း ဆုတံဆိပ် အပ်နှင်းရန် မိခင်တပ်ရင်းမှ ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော် သမ္မတကြီးထံ တင်ပြခဲ့ပါသည်။

ကိုယ်ပိုင်အမှတ် ဝ၁၉၁၄၊ ကျဆုံးရဲဘော် ဆပ်ဘဟား ဒူရွိုင်းသည် ကျဆုံးချိန်ထိ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဧည့်နိုင်ငံသား ကဒ်ပြားသော်လည်းကောင်း၊ နိုင်ငံသား ကဒ်ပြားသော် လည်းကောင်း မပိုင်ဆိုင်သည်ကို တွေ့ရှိရကြောင်း တပ်မတော် မှတ်တမ်းဌာနမှ မှတ်ချက်ရေးထိုး ပေးပို့ခဲ့ပါသည်။

ထိုကြောင့် တပ်တွင်း အစိုးရပညာသင်ဌာနမှ တပ်မတော်အတွင်း ပညာဆက်လက် သင်ကြားဆဲ ဆဋ္ဌမတန်း (ခြောက်တန်းကျောင်းသား) အဖြစ် လည်းကောင်း၊ နိုင်ငံသားကဒ်ပြား ရရှိရန် လျှောက်ထားဆဲဖြင့် လည်းကောင်း ပြန်လည်ပေးပို့ခဲ့ပါသည်။

တပ်မှူးကြီးများ ညီလာခံနှင့် တပ်မတော် မှတ်တမ်းဌါန တို့က သုံးပါတီတပ်ပေါင်းစု သိမ်းယူထားသော မဲနယ်တောင်ပေါ်သို့ ကွန်မန်ဒို ခုနှစ်ယောက်၊ အထမ်းသမား ငါးယောက်တို့ဖြင့် တက်ရောက် သိမ်းပိုက်ခဲ့သော စစ်ဝန်ထမ်းတပ်မှ ဗိုလ်မှူးရဲချစ် အား ပထမဆုံး ချီးမြှင့်ခဲ့သော သီဟသူရ ဘွဲ့ တံဆိပ်သာ ရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား အပ်နှင်းရန် နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ထံတင်ပြခဲ့ကြသည်။

ထိုအချိန်မတိုင်မှီက နိုင်ငံတော်တွင် သီဟသူရ ဆုတံဆိပ်သည် အမြင့်မားဆုံး တံဆိပ် ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်သည် တင်ပြချက်များကို ပယ်ချ၍ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း၊ ဧည့်နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း မပိုင်ဆိုင်ခဲ့သည့် ကျဆုံးရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား နိုင်ငံတော်၏ အမြင့်မားဆုံးဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို အပ်နှင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ကျန်ရစ်သူ မိသားစုအားလည်း နိုင်ငံသား ကဒ်ပြား အမြန်ဆုံးထုတ်ပေးရန် ညွှန်ကြားခဲ့ပါသည်။[၁]

ဒီနေ့ခေတ်တွင် အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း ၏အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။

ကိုးကားပြင်ဆင်

  1. ၁၉၆၀ ခုနှစ်ထုတ် ခေတ်ရေး အထူးထုတ် စာစောင်မှ