ဆားထုံဆရာတော်
ဆားထုံဆရာတော်သည် မုံရွာအနီး မောင်းထောင်ကြီးရွာ၌ အဖဦးခိုင်၊ အမိဒေါ်ညှာ တို့မှ ကောဇာသက္ကရာဇ် ၉၁၈-ခု၊ တန်ဆောင်မုန်းလဆန်း(၅) ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့ပေသည်။ ငယ်မည်မှာ မောင်ခုန်ဟူသတည်း။
မောင်ခုန်သည် အသက် ၂ဝ-ပြည့်၍ ရဟန်းပြုသည်တွင် ဘွဲမည်မှာ သျှင်ကဝိန္ဒဖြစ်၏။ နောင်အခါတွင် မုံရွာမြို့တောင်ဘက် ခုနစ်မိုင်ကွာသော ချက်တွင်းဖြစ် အနောက်ဘက်ကမ်းမှ ဆားထုံရွာ (ယခု ဆားထုံး) တွင် သီတင်းသုံးနေတော်မူသောကြောင့် ဆားထုံဆရာတော်ဟု တွင်သည်။
ဆားထုံဆရာတော်သည် ပုတ္တောဝါဒပျို့နှင့် ပရိတ်ကြီးဋီကာကို ရေးသား ပြုစုတော်မူခဲ့ ၏။ ရှေးရှေးသော စာပေတို့၌ ပုတ္တောဝါဒပျို့ကို တောင်တွင်းဆရာတော် ခင်ကြီးဖျော် ရေးသား သည်ဟု အဆိုပြုကြ၏။ သို့ရာတွင် ပုတ္တောဝါဒပျို့ အပိ်ုဒ် ၁၇-၌-
ထုံးဟောင်းနည်းနာ၊ အဖြာဖြာကို၊ သိသာစေလို၊ ကဗျာချိုနှင့်၊ ဆိုအံ့သောငှာ၊ ဆား
ထုံရွာ၏၊ ဒိသာတောင်စောင်း၊ စဉ်းငယ်ရှောင်းသည်၊ ချောင်းရှေ့ဘက်ကမ်း၊ ပန်းကားဝေဝေ၊
သီးမျိုးထွေ၍၊
စသည်ဖြင့် ရေးစပ်ထားရာ ဆားထုံဆရာတော် ရေးသားကြောင်း ခိုင်မာစွာ သိရှိရပေသည်။
ဖော်ပြပါ အဖွဲ့များကို နှိုင်းယှဉ်ကြည့်ရာ၌ ဆားထုံရံရွွာာ၏ ဟုလည်းကောင်း၊ ဆား တုံရွာ၏ ဟုလည်းကောင်း အမျိုးမျိုး တွေ့ရှိရသည်။ သို့ဖြစ်၍ ယခုခေါ်ဝေါ်နေသော ဆားထုံးဟူသည့် ဝေါဟာရနှင့် အနီးစပ်ဆုံး ဖြစ်သော ဆားထုံကိုသာ အတည်ပြု၍ ဖော်ပြအပ် ပေသည်။ အခြားစာပေများ၌ကား ' ဆားတုံဆရာတော် ' ဟု ရေးသားကြသည်။
ဆရာတော် ပျံလွန်တော်မူသည့် သက္ကရာဇ် အမှတ်အသားကိုကား မတွေ့ရသေးဘဲ
ကိုးကား
ပြင်ဆင်ရန်- ↑ ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
ဆက်လက်လေ့လာရန်
ပြင်ဆင်ရန်၁) မြန်မာစာပေအထွေထွေ၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ကဗျာ့ပန်းကုံး၊ ဆုံးမစာပေါင်းချုပ်၊